Asia
ဗီယက်နမ်နိုင်ငံ၌ စစ်ဖက်သုံးမှောင်ခိုလက်နက် အများအပြားဖမ်းဆီးရမိ

ဟိုချီမင်း ၊ နိုဝင်ဘာ ၃ရက်(ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို ့၌ ချက်နိုင်ငံမှတဆင့် လေကြောင်းဖြင့် တင်သွင်းလာသော စစ်ဖက်သုံး တရားမဝင်မှောင်ခိုလက်နက်အများအပြားကို ဗီယက်နမ်အကောက်ခွန်အရာရှိများက ဖမ်းဆီးရမိကြောင်း ပြည်တွင်းသတင်းစာများက နိုဝင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြသည်။
ဗီယက်နမ်နိုင်ငံက ပြည်တွင်းတင်သွင်းခွင့်တားမြစ်ထားသော ပစ္စည်း အမည်စာရင်းတွင် လက်နက်များ ပါဝင်ပြီး ၎င်းလက်နက်များကို Tan Son Nhat နိုင်ငံတကာလေဆိပ်တွင် ဗီယက်နမ်အကောက်ခွန်အရာရှိများက ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း Thanh Nein လူငယ်နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။
ပြီးခဲ့သော ၂ဝ၁၅ ခုနှစ် ဇူလိုင်လတုန်းကလည်း ဗီယက်နမ်အကောက်ခွန်အရာရှိများသည် တူရကီလေကြောင်းမှ တဆင့် တင်သွင်းလာသော တရားမဝင်မှောင်ခို စစ်ဖက်သုံး သေနတ် ၉၄ လက် နှင့် ကျည်ဆံ ၄၇၂ တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။(Xinhua)