Connect with us

Asia

ဗီယက်နမ်မြောက်ပိုင်းတွင် ကန်ဒေါ်လာ ၂ဘီလီယံတန် လောင်းကစားရုံ တည်ဆောက်မည်

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ Van Don ကျွန်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသားတို့အတွက် ပထမဆုံး လောင်းကစားရုံအား ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Quang Ninh ပြည်နယ် Van Don အထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၂ဘီလီယံ အကုန်အကျခံ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Quang Ninh ပြည်သူ့ကော်မတီ ကပြောကြားခဲ့သည်။

ပြည်တွင်း FLC အုပ်စုအား ဟက်တာ ၄၀၀၀ အကျယ်အဝန်းရှိသည့် မြေနေရာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လေ့လာခွင့်ပေးခဲ့ပြီး ယင်းမြေနေရာတွင် လောင်းကစားရုံတစ်ရုံ၊ ကြယ်ငါးပွင့် ဟိုတယ်တစ်လုံး၊ နိုင်ငံတကာညီလာခံစင်တာတစ်ခု၊ ဂေါက်ကွင်း၊ ဆာဖာရီဥယျာဉ်၊ ပြတိုက်၊ စိုက်ပျိုးရေးမြို့လေးတစ်ခု၊ စာကြည့်တိုက်တို့ပါဝင်ကြောင်း ပြည်တွင်း Vietnam Economic Times (VET) က မတ်လ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

ယင်း လောင်းကစားရုံသည် ဗီယက်နမ်လူမျိုးများအတွက် ပထမဆုံးဖြစ်ပြီး ခရီးသွားများစွာကို ဝန်ဆောင်မှုပေးနိုင်မည်ဟု ခန့်မှန်းရကြောင်း VET ကဖော်ပြခဲ့သည်။

Van Don ကျွန်းဒေသ သည် ၅၅၁ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပြီး Bai Tu Long ပင်လယ်အော်အပါအဝင် တည်ရှိကာ ယူနက်စကို၏ရှေးဟောင်းအမွေအနှစ်စာရင်းဝင် Ha Long ဒေသနှင့် ဆက်သွယ်ထားသည်။ Van Don ဒေသအား ဗီယက်နမ်နိုင်ငံရှိ အထူးစီးပွားရေးဇုန် သုံးခုအနက် တစ်ခု အဖြစ် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၂၀ခုနှစ်တွင် Van Don ဒေသသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုအား နိုင်ငံတကာခရီးသည်ကိုးသိန်း အပါအဝင် ခရီးသည် ၁ ဒသမ ၇ သန်း ဝင်ရောက်လာစေရန် စီမံကိန်းရေးဆွဲထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.