Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် လေ့ကျင့်ရေးလေယာဉ်ပျက်ကျ၍ လေယာဉ်မှူးသေဆုံး

ပျက်ကျခဲ့သည့် ဘင်္ဂလားဒေ့ရှ် လေ့ကျင့်ရေးလေယာဉ်၏ အပျက်အစီးအပိုင်းအစတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့မှ ၉၇ကီလိုမီတာခန့်အကွာ အလယ်ပိုင်း Tangail ခရိုင်တွင် နိုဝင်ဘာ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်လေတပ်မှ လေ့ကျင့်ရေးလေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ISPR က နိုဝင်ဘာ ၂၃ရက် နေ့လည်ပိုင်းတွင်ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုကြောင့် ဘင်္ဂလားဒေ့ရှ်လေတပ် (BAF) မှ လေတပ်အရာရှိ Arif Ahmed Dipu သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း က BAF၏ လေ့ကျင့်ရေးလေယာဉ်သည် ရေဒါမှ ပျောက်ဆုံးသွားပြီး မိနစ်အနည်းငယ်အကြာ ဒေသစံတော်ချိန် နေ့လည် ၃နာရီဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)