Connect with us

Asia

ဘင်္ဂလား ပင်လယ်အော်၌ ကုန်တင် လေယာဉ် ပျက်ကျမှုကြောင့် ရုရှား လေယာဉ်မှူး သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar ဒေသ ကမ်းရိုးတန်းအလွန်တွင် ပျံသန်းနေသော ကုန်တင် လေယာဉ် တစ်စင်း အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ မတ် ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသ ကမ်းရိုးတန်းအလွန်ရှိ ဘင်္ဂလား ပင်လယ်အော် ၌ မတ်လ ၉ ရက် နံနက်ပိုင်းက ကုန်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ ရုရှားလူမျိုး လေယာဉ်မှူး တစ်ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Cox’s Bazar လေဆိပ်၏ မန်နေဂျာဖြစ်သူ Sadhan Kumar Mohanta က လေယာဉ် ပျက်ကျမှု၌ ရုရှားလူမျိုး လေယာဉ်မှူး တစ်ဦး သေဆုံးကာ အခြားလေယာဉ်မှူး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းက လေယာဉ် ဝန်ထမ်း နှစ်ဦး ပျောက်ဆုံးနေကာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းကုန်တင်လေယာဉ်သည် Cox’s လေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၉း၀၅ နာရီ၌ ထွက်ခွာခဲ့ပြီး မိနစ်ပိုင်း အကြာ၌ ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်တင် လေယာဉ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ရုရှားပိုင် True လေကြောင်း ပို့ဆောင်ရေးမှ ဖြစ်ပြီး Cox’s Bazar ဒေသမှ Jessore ဒေသသို့ ပုဇွန်ဥများ တင်ပို့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ် ပျက်ကျရခြင်း အကြောင်းအရင်း အသေးစိတ်ကို သိရှိသေးခြင်း မရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.