Connect with us

Asia

သီရိလင်္ကာရေတပ်က အိန္ဒိယငါးဖမ်းသမား ၄ဦးအား ရေပိုင်နက် ကျူးကျော်မှုဖြင့် ဖမ်းဆီး

သီရိလင်္ကာနိုင်ငံ ရေပိုင်နက်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ကမ်းခြေစောင့်တပ်ဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလမ်ဘို၊ မတ် ၁၀ ရက် (ဆင်ဟွာ)

သီရိလင်္ကာ ရေတပ် နှင့် သီရိလင်္ကာ ကမ်းခြေစောင့် တပ်ဖွဲ့သည် အိန္ဒိယ ငါးဖမ်းသမား ၄ ဦးအား နိုင်ငံ၏ မြောက်ပိုင်း ရေပိုင်နက်အား ကျူးကျော်မှု ဖြင့် မတ်လ ၁၀ ရက်က ဖမ်းဆီးခဲ့ကြောင်း ရေတပ်၏ မီဒီယာဌာနက ပြောကြားခဲ့သည်။

အိန္ဒိယ ငါးဖမ်းသမားများ၏ ငါးဖမ်းလှေများကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

ရေတပ်က ဆောင်ရွက်သင့်သည်များကို ဆက်လက် ဆောင်ရွက်နိုင်ရန် ငါးဖမ်းလှေများအား နိုင်ငံ မြောက်ပိုင်းရှိ Kankasanthurai ငါးလုပ်ငန်းနှင့် ရေသယံဇာတ ဦးစီးဌာန ၏ တာဝန်ရှိသူများ ထံ လွှဲပြောင်း အပ်နှံပေး ခဲ့ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့သည် ကာလကြာရှည် ဖြစ်ပွားနေသည့် ရေပိုင်နက်ကျူးကျော် ငါးဖမ်းမှုများအား ဖြေရှင်းနိုင်ရန် ကြိုးစားလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.