Connect with us

Asia

မလေးရှားနိုင်ငံကြားဖြတ်ရွေးကောက်ပွဲ၌ ဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင် အနိုင်ရပြီး လွှတ်တော်အမတ် ဖြစ်လာ


ပေါ့ဒစ်ဆန် ၊ မလေးရှား ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

ယခင်မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်(Anwar Ibrahim) သည် အောက်တိုဘာ ၁၃ ရက်က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်တစ်ဦးဖြစ်လာကာ နိုင်ငံရေးဇာတ်ခုံပါ်သို့တစ်ကျော့ပြန် တက်ရောက်လာနိုင်ခဲ့ကြောင်း သိရသည်။

အန်ဝါသည် ထောက်ခံမဲ ၇ဝ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲကို လွယ်လွယ်ကူကူအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့အနိုင်ရရှိခဲ့ခြင်းမှာ ဝန်ကြီးချုပ်မဟာသီယာမိုဟာမက် ဦးဆောင်သော Pakatan Harapan အစိုးရအဖွဲ့၏ “ ယုံကြည်မှုမဲ” ကြောင့် ဟု အန်ဝါက ဆိုသည်။

မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်(လက်ပြနေသူ) အားတွေ့ရစဉ်(ဆင်ဟွာ)

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် လွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ရန် စီစဉ်ထားပြီး အန်ဝါက “ ထိရောက်သော လွှတ်တော်ပြုပြင်ပြောင်းလဲမှုများ” လုပ်ဆောင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် Pakatan Harapan ပါတီအနိုင်ရရှိခဲ့ပြီးနောက် မလေးရှားဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အသက် ၇၁ နှစ်အရွယ်ရှိ အန်ဝါသည် ၎င်း၏ လိင်တူဆက်ဆံခြင်း ပြစ်ဒဏ်မှု လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။မဟာသီယာ နှင့် အန်ဝါ တို့၏ ပြန်လည်ပေါင်းစည်းခြင်းက ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် Pakatan Harapan အတွက် အနိုင်ရလဒ် ထွက်ပေါ်စေခဲ့ပြီး မဟာသီယာက အန်ဝါအား ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးရန် ကတိပြုခဲ့ကြောင်း သိရသည်။(Xinhua)