Connect with us

Asia

မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီ၌ စစ်ဆေးမှုခံယူရန် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရောက်ရှိလာ

မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသို့ ရောက်ရှိလာသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပူထရာဂျာယာ ၊ မေ ၂၂ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် နိုင်ငံပိုင် ရင်းနှီးမြှုပ်နံှမှု ကုမ္ပဏီ 1MDB ကိစ္စနှင့်ပတ်သက်၍ အစစ်ဆေးခံယူရန် မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီထံသို့ ယနေ့(မေလ ၂၂ ရက်)တွင် ရောက်ရှိလာကြောင်း သိရသည်။

၂ဝဝ၉ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် နာဂျစ်တာဝန်ယူခဲ့စဉ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့သော 1MDB ကိစ္စနှင့်ဆက်နွယ်မှုရှိသည့် SRC International ကုမ္ပဏီအား စုံစမ်းစစ်ဆေးရာတွင် အကူအညီပေးရန် နာဂျစ်အား မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(MACC) က ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းဖြစ်စဉ်တွင် နာဂျစ်နှင့်အပေါင်းအပါများသည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို အလွဲသုံးစားပြုလုပ်ထားကြောင်း စွပ်စွဲခံထားရသည်။

နာဂျစ်က စွပ်စွဲချက်အားလုံးကို ငြင်းဆန်ထားသည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ရွေးကောက်ပွဲနောက်ပိုင်း အဂတိလိုက်စားမှု တစ်စိတ်တစ်ဒေသအဖြစ် သက်သေပြရန် နာဂျစ်နှင့်ဆက်နွယ်မှုရှိသည့် ပုဂ္ဂလိက အိမ်ယာများ ၊ ဇိမ်ခံကွန်ဒိုတိုက်ခန်းများအား ဝင်ရောက်ရှာဖွေခဲ့ရာ တန်ဖိုးကြီး လက်ကိုင်အိပ်များ ၊ လက်ဝတ်ရတနာများ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်သစ် မဟာသီယာက ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ကြောင်း တွေ့ရှိပါက နာဂျစ်အနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.