Connect with us

Asia

မလေးရှားနိုင်ငံ အနီး ပင်လယ်ပြင် တွင် တရားမဝင် ရွှေ့ပြောင်းသူများအား တင်ဆောင်လာသည့် ရေယာဉ်တစ်စီး တိမ်းမှောက်

ရေယာဉ်တိမ်းမှောက်မှုမှ ကယ်ဆယ်ထားသူများအား တွေ့ရစဉ်(ဆင်ဟွာ )

ကွာလာလမ်ပူ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရားမဝင်ရွှေ့ပြောင်းသူများအား တင်ဆောင်လာသည့် ရေယာဉ်တစ်စီး မလေးရှားနိုင်ငံ တောင်ပိုင်း Johorပြည်နယ် အနီး ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ရာ လူ ၂၅ ဦးအား ကယ်ဆယ်နိုင်ပြီး ၁ ဦး သေဆုံးကြောင်း မလေးရှား ရေကြောင်းအာဏာပိုင်အဖွဲ့အစည်း (MMEA)က ဇူလိုင်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါရေယာဉ်သည် ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက Johorပြည်နယ်Tanjung Balau ၏ ၆.၅ မိုင် အကွာ ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ရေယာဉ်ပေါ်တွင် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ ၄၄ ဦးခန့် တင်ဆောင်လာခြင်းဖြစ်ကြောင်း Johorပြည်နယ် မလေးရှား ရေကြောင်း အာဏာပိုင်အဖွဲ့အစည်း တာဝန်ခံ Abu Bakar၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရေယာဉ်ပေါ်တွင် လိုက်ပါလာသူများက မည်သည့်နိုင်ငံမှဖြစ်သည်ကို ဖော်ပြထားခြင်းမရှိသော်လည်း ၎င်းသင်္ဘောမှာ အင်ဒိုနီးရှားမှ မလေးရှားသို့လာရောက်ခြင်း ဖြစ်နိုင်ကြောင်း ၊ ရေယာဉ်တိမ်းမှောက် ခဲ့သည့် ပင်လယ်ပြင်အနီးရှိ ကမ်းလွန်ပလက်ဖောင်းပေါ်မှ ဝန်ထမ်းတစ်ဦးက လူ နှစ်ယောက် ရေထဲ ပြုတ်ကျသွားခြင်းကို တွေ့ရှိပြီး ရေကြောင်းအာဏာပိုင်အဖွဲ့အစည်းကို အကြောင်းကြားခဲ့ခြင်း ဖြစ် ကြောင်း ၊ ထ့ိုနောက် ရှာဖွေကယ်ဆယ်မှုများ ချက်ချင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေကြောင်းအာဏာပိုင်အဖွဲ့အစည်း၊ မလေးရှားပင်လယ်ရေတပ်၊ ရေကြောင်းရဲတပ်ဖွဲ့စသည့် သက်ဆိုင် ရာအဖွဲ့အစည်းများက ၁၅၀ စတုရန်းမိုင် ပတ်လည်တွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီး စင်္ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများကိုလည်း သက်ဆိုင်ရာ ပင်လယ်ပြင်တွင် ကယ်ဆယ်မှုများ ပြုလုပ်ရန် အကြောင်း ကြားထားသည်ဟု Abu Bakarက ပြောသည်။

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်တွင် တရားမဝင်လုပ်သားများစီးနင်းလာသော ရေယာဉ်နစ်မြုပ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ၊ လူပိုတင်ခြင်းနှင့်ဆိုးဝါးသည့်ရာသီဥတုများ ကြောင့် ယခုကဲ့သို့မကြာခဏ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.