Connect with us

Asia

မီးခိုးမြူအန္တရာယ် ကြိုတင်ကာကွယ်ရန် ဘန်ကောက်မြို့တွင် နေထိုင်သူများကို သတိပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မီးခိုးမြူများဆိုင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ လေထုအရည်အသွေးမှာ ကျန်းမာရေးကို ထိခိုက်စေသဖြင့် အပြင်ထွက်သည့်အခါ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ထားကြရန် ယင်းမြို့၌ နေထိုင်သူများအား အကြံပြုထားကြောင်း သိရသည်။

ဘန်ကောက်မြို့၏ လမ်းနံဘေးနယ်မြေ ၂၀ နှင့် အများပြည်သူဆိုင်ရာနေရာ ၁၄ ခုရှိ လေထုအရည်အသွေးမှာ ကျန်းမာရေးကို ထိခိုက်စေသည့်အဆင့်တွင် ရှိနေကြောင်း ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ၎င်းတို့၏ Facebook စာမျက်နှာတွင် တင်ပြထားသည်။

ဘန်ကောက်မြို့အလယ်ပိုင်း Din Daeng ခရိုင်ရှိ လေထုအရည်အသွေးညွှန်းကိန်း (AQI) မှာ မွန်းတည့်ချိန်တွင် ကျန်းမာရေးထိခိုက်စေသောအဆင့် ၂၁၃ AQI ရှိနေကြောင်း ယင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၀ ရက်မှစ၍ ဘန်ကောက်မြို့ရှိ လေထုအရည်အသွေးမှာ ထင်သာမြင်သာရှိစွာ ကျဆင်းလာခဲ့သည်။

ယင်းမြို့ရှိ နေထိုင်သူများအား အပြင်ထွက်၍ လုပ်ဆောင်ရမည့်အရာများကို ရှောင်ရှားရန်နှင့် ပြင်ပသို့ မဖြစ်မနေသွားရောက်ရမည်ဆိုပါက ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ကာ သွားလာရန် အကြံပြုထားသည်။

အဆိုပါ ဌာန၏အဆိုအရ မြူခိုးနှင့် လေအေးများကြောင့် လေထုအတွင်း ညစ်ညမ်းမှုများ ပိတ်မိကာ မီးခိုးမြူဖြစ်ပေါ်နေပြီး နောက်ထပ် တစ်ရက်မှ နှစ်ရက်အထိ ဆက်လက်ရှိနေနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.