Connect with us

Asia

ထရမ့်နှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိကြောင်း ပူတင် ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဘယ်) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ဖင်လန်နိုင်ငံတွင် ဇူလိုင်လ ၁၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ၎င်းအနေဖြင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာ အစီအစဉ်ဆိုင်ရာ ဘက်စုံကိစ္စရပ်များအား ဆွေးနွေးရန် အသင့်ရှိကြောင်း ဒီဇင်ဘာလ ၂၀ ရက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နှစ်ယောက်ကြား တွေ့ဆုံဖို့ဖြစ်နိုင်မလားဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။ ကျွန်တော်တို့ အဆင်သင့်ရှိတဲ့အကြောင်း၊ ကျွန်တော်တို့ ဆွေးနွေးရမယ့်ကိစ္စတွေရှိတယ်ဆိုတာ ယုံကြည်တဲ့အကြောင်း အကြိမ်များစွာ ပြောခဲ့ပြီးပါပြီ” ဟု နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ပူတင်က ပြောကြားခဲ့သည်။

၎င်းက ဆက်၍ ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံလုံးစိတ်ဝင်စားသော ကိုရီးယားကျွန်းဆွယ်၊ အာဖဂန်နစ္စတန်၊ ကမ္ဘာ့လုံခြုံရေး၊ လက်နက်ထိန်းချုပ်ရေးနှင့် ကမ္ဘာပေါ်ရှိ အခြားသောကိစ္စရပ်များအား ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အောက်ဆုံးကို ရောက်ပြီးတော့ ဒါကို ပြန်လည် မြင့်တက်လာဖို့အတွက် မဖြစ်မနေလုပ်ဆောင်ဖို့လိုတယ်ဆိုတာ သဘောပေါက်သင့်ပါပြီ” ဟု ပူတင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ပဲရစ်မြို့တွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု ပျက်ပြယ်သွားပြီးနောက် အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်တွင် ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံရန် စီစဉ်ထားမှုကို ထရမ့်က ရပ်ဆိုင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.