Connect with us

Asia

အာရှအခြေခံအဆောက်အအုံ တိုးတက်မှု မြှင့်တင်ရေးတွင် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုက အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်

တရုတ်နိုင်ငံရှိ ကုန်သေတ္တာတင် ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative= BRI) က အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ တိုးတက်မှု မောင်းနှင်အားတွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါရှိနေမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် Fitch Solutions သုတေသနကုမ္ပဏီက ပြောကြားလိုက်သည်။

“ဘဏ္ဍာရေးစီမံကိန်းများအတွက် ရွေးချယ်စရာများ အလားအလာနည်းပါးလာတာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ သူတို့ရဲ့ စီမံကိန်းတွေ တိုးတက်ချင်တယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းများအပေါ် ဆက်ပြီးတော့ယုံကြည်စိတ်ချထားရမှာဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကဲ့သို့သော အာရှ ဖွံ့ဖြိုးဆဲနိုင်ငံအချို့ရှိ အစိုးရများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များအတွက် ငွေကြေးထောက်ပံ့ရန် ဆက်လက်ရုန်းကန်ရမည် ဖြစ်ကြောင်း အစီရင်ခံစာ၌ မှတ်ချက်ပြုထားသည်။

အဆိုပါ နိုင်ငံများအနေဖြင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) ၏ ပျမ်းမျှ ၂.၁ ရာခိုင်နှုန်းကို သုံးစွဲလျက်ရှိသည်ဟု အာရှဖွံ့ဖြိုးမှုဘဏ် (ADB) က ပြောကြားထားကြောင်း အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.