Connect with us

Asia

မီးတောင်ပြာများကြောင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ရှိ လေဆိပ်အား ပိတ်ခဲ့ရ

အင်ဒိုနီးရှားနိုင်ငံ Agung မီးတောင်မှ ပြာများ မှုတ်ထုတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များက Agung မီးတောင်မှ ပြာများ မှုတ်ထုတ်နေ၍ ဘာလီအပန်းဖြေကျွန်းပေါ်ရှိ လေဆိပ်အား ဇွန် ၂၉ ရက်တွင် ပိတ်ခဲ့ပြီး ခရီးသည် အယောက် ၇၄,၀၀၀ ကျော် ခရီးစဉ်များ နှောင့်နှေးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ယင်းလေဆိပ်အား ဇွန် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၂း၀၀နာရီ မှ ညနေ ၆နာရီ အထိ ပိတ်ထားမည်ဖြစ်ပြီး အခြေအနေအရပ်ရပ်အား လေ့လာသုံးသပ်မှုကို ဒေသစံတော်ချိန် ၁၁နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဇွန် ၂၈ ရက်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ခရီးစဉ်များ ဖျက်သိမ်းခဲ့သည့် အချို့သော လေကြောင်းလိုင်းများ နှင့် လေယာဉ်များ ဘေးကင်းလုံခြုံမှု ကို ထည့်သွင်းစဉ်းစား၍ ယင်း ဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကပြောကြားခဲ့သည်။

လေဆိပ်ပိတ်ခဲ့ခြင်းကြောင့် စုစုပေါင်း ပြည်တွင်းလေကြောင်းခရီးစဉ် ၂၃၉ခု နှင့် နိုင်ငံတကာလေကြောင်းခရီးစဉ် ၂၀၇ခု နှောင့်နှေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

Agung မီးတောင်သည် ဇွန် ၂၈ ရက်တွင် လှုပ်ခတ်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.