Connect with us

Asia

မြောက်ကိုရီယား နှင့် တောင်ကိုရီးယား ဘတ်စကက်ဘောအသင်းတို့ ပြုံယမ်း၌ ချစ်ကြည်ရေးကစားမည်

မြောက်ကိုရီးယားနိုင်ငံအသင်းကို အားပေးနေကြသည့် ပရိသတ်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား ဘတ်စကက်ဘောအသင်း တို့သည် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ပထမဆုံး ချစ်ကြည်ရေးကစားပွဲအဖြစ် ယနေ့ဇူလိုင် ၄ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအားကစားသမားများအဖွဲ့တွင် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး Jo Myong Gyun က အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ ကစားသမားများနှင့်အတူ လိုက်ပါလာခဲ့သည်။ ၎င်းတို့သည် ပြုံယမ်းမြို့သို ဇူလိုင် ၃ ရက်တွင် ဆိုက်ရောက်လာခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု နှင့် အားကစားဝန်ကြီးဌာနက တောင်ကိုရီးယားအားကစားအဖွဲ့ကို ယင်းနေ့တွင် Okryu စားတော်ဆက်၌ ဂုဏ်ပြု ဧည့်ခံခဲ့ကြောင်း သတင်းက ဆိုသည်။

မြောက်ကိုရီးယား နှင့်တောင်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးတွန်းအားပေးရန် ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အားကစားပြိုင်ပွဲများအပြန်အလှန် ဖလှယ်ကြရန် နှင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုကို လျှော့ချရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.