Connect with us

Asia

ရုရှား နှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံပူးပေါင်း၍ လေကြောင်းကာကွယ်ရေးစနစ် တည်ဆောက်မည်

မော်စကို ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့်တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ရေး သဘောတူညီချက်ရေးထိုးရန်ရုရှားနိုင်ငံသမ္မတပူတင်က မေလ ၁၇ ရက်၌ အမိန့်ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ရုရှားနိုင်ငံ အစိုးရ ဥပဒေရေးရာ ဝတ်ဘ်ဆိုက်၏ မေလ ၁၇ ရက်ထုတ်ပြန်ကြေညာချက်အရ သမ္မတပူတင်း လက်မှတ်ရေးထိုးလိုက်သောကြောင့် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့သည် တာဂျစ်ကစ္စတန်နိုင်ငံ နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရမည်ဖြစ်ကာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ရေးအတွက်လည်း လက်မှတ်ရေးထိုးစေမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသတင်းမီဒီယာ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ နှင့် တာဂျစ်ကစ္စတန်နိုင်ငံ ၏ ပူးပေါင်းဆောင်ရွက်မှုဧရိယာ တွင် လေကြောင်းကာကွယ်ရေးစနစ် တည်ဆောက်ရန် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန နှင့် တာဂျစ်ကစ္စတန် နိုင်ငံ သက်ဆိုင်ရာဌာနတို့က ရှေ့ပြေးသဘောတူညီချက်များရရှိထာပြီးဖြစ်ကြောင်း ၊ သဘောတူညီချက်ကို ရုရှားနိုင်ငံအစိုးရ မှ သုံးသပ်စစ်ဆေးမှုဆောင်ရွက်ခဲ့ပြီး ရုရှားနိုင်ငံသမ္မတပူတင် ထံသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင်သတင်းဖော်ပြချက်များအရ အဆိုပါသဘောတူညီချက်သည် အချိန်သတ်မှတ်ချက် အကန့်အသတ်မရှိကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် စာရွက်စာတမ်းပုံစံဖြင့် တစ်ဖက်နိုင်ငံအား သဘောတူညီချက်ကို ရပ်ဆိုင်းရန် အကြောင်းကြားနိုင်ကြောင်း ၊ သဘောတူညီချက်အရ ရုရှား-တာဂျစ်ကစ္စတန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် လေကြောင်းကာကွယ်ရေးစနစ် ၏ တပ်ဖွဲ့ညှိနှိုင်းဆောင်ရွက်မှု နှင့် ညွှန်ကြားမှုလုပ်ငန်းများအား ရုရှားနိုင်ငံ လေကြောင်းတပ်ဖွဲ့ နှင့် ဗဟိုစစ်ဌာနချုပ် တို့မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် ဧပြီလ ၂၇ ရက်၌ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoygu က တာဂျစ်ကစ္စတန်နိုင်ငံမြို့တော်တွင် ရုရှား နှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံ လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်သွားရန် ဆုံးဖြတ်ချက်ခဲ့ကြပြီး ရည်ရွယ်ချက်အနေဖြင့် နယ်စပ်ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ရန် နှင့် အာဖဂန်နစ္စတန်နိုင်ငံဘက် မှ ရင်ဆိုင်ရနိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှုတို့ကို ဖြေရှင်းရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————————————-
(Chinese Version)

(国际•环球军事)俄罗斯与塔吉克斯坦将建立联合区域防空系统

新华社莫斯科5月17日电俄罗斯总统普京17日签署命令,要求俄有关部门与塔吉克斯坦方面签署建立联合区域防空系统的协议。

据俄政府法律信息网站17日发布的消息,普京当天签署命令,责成俄国防部和外交部同塔吉克斯坦方面举行会谈并签署建立联合区域防空系统的协议。

据俄罗斯媒体报道,关于建立俄塔联合区域防空系统的建议由俄国防部提出,俄国防部与塔吉克斯坦相关方已先期达成协议。协议由俄政府审议通过后提交普京。

报道说,该协议为无限期协议,双方中任何一方可通过书面告知形式终止协议。根据协议,俄塔联合区域防空系统的部队协同与领导工作将主要由俄空天军和中央军区负责。

今年4月27日,俄国防部长绍伊古在塔吉克斯坦首都杜尚别表示,俄罗斯和塔吉克斯坦决定建立联合区域防空系统,以提高边境防御能力,应对来自阿富汗方向的可能威胁。(完)

Photo
5月9日,在俄罗斯首都莫斯科,俄罗斯总统普京(左)和塔吉克斯坦总统拉赫蒙在阅兵式后走过红场。新华社发(叶甫盖尼•西尼岑摄)