Connect with us

Asia

လူငယ်ဘောလုံးသမားများ အံ့သြဖွယ်လွတ်မြောက်ခဲ့သော ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကျောက်ဂူမှာ ခရီးသွားဆွဲဆောင်ရာ နေရာဖြစ်လာ


ဘန်ကောက် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ယခုနှစ် ဇူလိုင်လက နည်းပြတစ်ဦးအပါအဝင် ထိုင်းလူငယ်ဘောလုံးသမား ၁၂ ဦး ပိတ်မိနေခဲ့သော ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကျောက်ဂူမှာ ခရီးသွားများဆွဲဆောင်ရာ ကမ္ဘာ့အဆင့်မီ နေရာတစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်များ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး Surasak Kanchanarat က အောက်တိုဘာ ၃ဝ ရက်တွင်ပြောကြားရာ၌ ချင်းရိုင်ခရိုင်အတွင်း Tham Luang-Khun Nam Nang Non တောင်ဥယျာဉ်အား အမျိုးသားဥယျာဉ်တစ်ခုအဖြစ် အဆင့်မြှင့်တင်မည့် စီမံကိန်းတစ်ရပ်ကို အတည်ပြုခဲ့ကြောင်း နှင့် ယင်းမှာ ကမ္ဘာ့အဆင့်ခရီးသွားများဆွဲဆောင်သည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းမှ ထိုင်းလူငယ်များအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းမှ ထိုင်းလူငယ်များအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းမှ ထိုင်းလူငယ်များအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကျောက်ဂူ၏ အနီးပတ်ဝန်းကျင်တွင် ပြတိုက်တစ်ခုကို တည်ဆောက်၍ ဂူအတွင်းရေကြီးစဉ်ပိတ်မိနေရာမှ လူငယ်ဘောလုံးသမားများအား ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပုံ ကယ်ဆယ်ရေးအစီအဉ်ကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ၊ ၎င်းကျောက်ဂူထဲတွင် လူငယ်များသည် ၁၈ ရက်ထိ ပိတ်မိနေခဲ့ရကြောင်း ဝန်ကြီးက ဆိုသည်။

တောဝက်အသင်းလူငယ်ဘောလုံးသမားများအား ထိုင်းနိုင်ငံနေဗီဆီးလ်အထူးတပ်ဖွဲ့မှ ရေငုပ်သမားများ နှင့် နိုင်ငံခြား စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ပူးတွဲ ကယ်ဆယ်ရေးအစီအစဉ်များ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် အဆိုပါ ကျောက်ဂူသို့တစ်ရက်လျှင် ခရီးသွား ၄ဝဝဝ ခန့်လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။

ကျောက်ဂူသို့လာရောက်လည်ပတ်မည့် စက်ဘီးစီးဧည့်သည်များအတွက် အဆင်ပြေစေမည့် တောင်ပတ်လမ်းတစ်ခုကို ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.