Connect with us

Asia

ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်ကို မလေးရှားရဲတပ်ဖွဲ့ဝင်ရောက် စီးနင်း

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်အဝင်လမ်းတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ မေ ၁၇ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံရဲတပ်ဖွဲ့က မေလ ၁၆ ရက် ညပိုင်းတွင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

အက်စ်ယူဗီ (SUVs) ကားများ ၊ ဆီဒင်(sedans) ကားများ နှင့် ရဲတပ်ဖွဲ့သုံး ထရပ်ကားများ အပါအဝင် ရဲကား တစ်ဒါဇင်ကျော်သည် ဒေသစံတော်ချိန် ည ၁ဝ နာရီခွဲတွင် ကွာလာလမ်ပူမြို့ရှိ နာဂျစ် နေအိမ် တည်ရှိရာ လမ်းကြားလေးထဲသို့ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ နာဂျစ်နေအိမ်အတွင်းမှ လက်ကိုင်အိတ်များ ၊ အဝတ်အထည်များ နှင့် လက်ဆောင်ပစ္စည်းများကို အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းစာက မေလ ၁၇ ရက် နံနက်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

သို့သော်လည်း မည်သည့်စာရွက်စာတမ်းကိုမျှ သိမ်းဆည်းရမိခြင်းမရှိကြောင်း ၊ နာဂျစ်၏ရှေ့နေဖြစ်သူ Harpal Singh ကို နေအိမ်သို့ခေါ်ယူစစ်ဆေးခဲ့သော်လည်း ယနေ့နံနက်အစောပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပစ္စည်းများကို သိမ်းဆည်းခြင်းမှာ ၂ဝဝ၁ ခုနှစ်က ပြဌာန်းခဲ့သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှုငွေကြေးထောက်ပံ့ခြင်း တန်ပြန်တိုက်ဖျက်ရေး ဥပဒေတို့ဖြင့် အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်သွားမည့် ရည်ရွယ်ချက်ဖြစ်ကြောင်း သိရသည်။

မကြာသေးခင်က ပြုလုပ်သော ရွေးကောက်ပွဲတွင် ရှုံးနိုမ့်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း နာဂျစ်သည် ၂ဝဝ၉ ခုနှစ်က ၎င်းကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ခဲ့သော အစိုးရဖွံ့ဖြိုးရေးရံပုံငွေ 1MDB အစီအစဉ်နှင့်ပတ်သက်၍ အဂတိလိုက်စားမှုကျူးလွန်ထားကြောင်း မဟာသီယာ၏ စွပ်စွဲမှုကို ခံထားရသည်။

မဟာသီယာသည် ရာထူးရယူပြီးနောက် နာဂျစ်အား ကာကွယ်ပေးခဲ့သည့် မလေးရှား ရှေ့နေချုပ်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ယင်းနေရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြီးအကဲကို အစားထိုးခန့်အပ်ခဲ့သည်။ 1MDB ဘဏ္ဍာရေးအစီရင်ခံစာ နှင့်ပတ်သက်၍ နာဂျစ်က ပိတ်သိမ်းခဲ့သော အမှုတွဲကိုလည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မဟာသီယာက အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

နာဂျစ်ပိုင်ဆိုင်သည်ဟု ယူဆရသည့် အဆင့်မြင့် ဇိမ်ခံအိမ်ယာတစ်ခုကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း Bernama သတင်းစာက ဖော်ပြခဲ့သည်။

နာဂျစ်အား တရားဝင် တရားစွဲဆိုမှုပြုလုပ်ထားခြင်းမရှိသေးကြောင်း ၊ သို့သော် လက်ရှိဝန်ကြီးချုပ်မဟာသီယာက နာဂျစ် ၊ ၎င်း၏ဇနီး နှင့် ယခင်အစိုးရအဖွဲ့ဝင်များကို ပြည်ပထွက်ခွာခွင့် တားမြစ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.