Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် မီးလောင်နေသော နိုင်ငံခြားသင်္ဘောအား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုစတင်ပြုလုပ်

ကိုလံဘို၊ ဇွန် ၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနက X-Press Pearl ကွန်တိန်နာသင်္ဘော အနီးဝန်းကျင်တွင် မတော်တဆမှုများအား စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၁၀ ဦးပါဝင်သော စစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးခန့်အပ်ထားကြောင်း မေ ၃၁ ရက်က ပြောကြားခဲ့သည်။ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအာဏာပိုင် (MEPA) ညွှန်ကြားရေးမှူးချုပ်က ဆိပ်ကမ်းရဲတပ်ဖွဲ့နှင့် မီးလောင်နေသော နိုင်ငံခြားသင်္ဘောကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအတွက် မေ ၂၃ ရက်က တိုင်ကြားချက်အမှုဖွင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏အဆိုအရ သိရသည်။

ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနမှ တာဝန်ရှိသူများက သင်္ဘောမာလိန်မှူးနှင့် အင်ဂျင်နီယာချုပ်တို့ထံမှ ထွက်ဆိုချက်များအား ၎င်းတို့ကွာရန်တင်းနေထိုင်ရာ ကိုလံဘိုမြို့တော်ရှိ ဟိုတယ်၌ မှတ်တမ်းရယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံ Negomboမြို့ရှိ ကမ်းခြေတစ်ခုတွင် X-Press Pearl သင်္ဘောမှ အပျက်အစီးများအား မြေကြီးကော်စက်ဖြင့် ဖယ်ရှားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နောက်ပိုင်းတွင် အခြားသင်္ဘောသားများထံမှ ထွက်ဆိုချက်များကိုလည်း ရယူသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။X Press Pearl သင်္ဘောသည် စင်ကာပူအလံဖြင့် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး nitric acid နှင့် အခြားသော ဓာတုပစ္စည်းနှင့် အလှကုန် ၂၅ တန်ကို တင်ဆောင်လျက် အိန္ဒိယနိုင်ငံ Hazira ဆိပ်ကမ်းမှ မေ ၁၅ ရက်က ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောသည် မေ ၂၀ ရက်က ကိုလံဘိုဆိပ်ကမ်းအနီးတွင် အန္တရာယ်တွေ့ရှိကြောင်း ဖုန်းခေါ်ဆိုခဲ့ပြီးနောက် မကြာမီတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး သီရိလင်္ကာရေတပ် သင်္ဘောများ တပ်ဖြန့်လျက် မီးထိန်းနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သင်္ဘောမီးလောင်မှုနောက်ဆက်တွဲနှင့် အကျိုးသက်ရောက်မှုများကြောင့် အဓိက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ကြောင်း သီရိလင်္ကာ နိုင်ငံ၏ MEPA က လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။

အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်မှ ကမ်းရိုးတန်းလိုင်းတွင် အပျက်အစီးများက ကမ်းခြေသို့ ရိုက်ခတ်လျက်ရှိကြောင်းနှင့် အန္တရာယ်ရှိအရာများ ပါဝင်နိုင်သဖြင့် မည်သည့်အပျက်အစီးကိုမျှ ထိတွေ့ခြင်းမပြုရန် အများပြည်သူများအား တင်းတင်းကြပ်ကြပ် အကြံပြုထားကြောင်း MEPA အထွေထွေမန်နေဂျာ Terney Pradeep က ပြောခဲ့သည်။

သင်္ဘောမှ ထွက်ပေါ်လာသည့် ညစ်ညမ်းမှုကြောင့် ပင်လယ်ရေနေ သက်ရှိအရာများစွာ သေဆုံးလျက်ရှိကြောင်း အစိုးရက ပြောခဲ့သည်။အဆိုပါ ဖြစ်ရပ်ကြောင့် ငါးဖမ်းလုပ်ငန်းများ ရပ်နားထားရသဖြင့် နေ့စဉ်ဝင်ငွေ ဆုံးရှုံးလျက်ရှိသော ငါးဖမ်းလုပ်ငန်း အသိုင်းအဝိုင်းအတွက် နစ်နာကြေး တိကျသောပမာဏတစ်ခုကို ပေးအပ်ရန် အစိုးရက ဆုံးဖြတ်ထားကြောင်း၊ အဆိုပါ ပမာဏအား ငါးဖမ်းလုပ်ငန်း အသိုက်အဝန်းနှင့် ယင်းနှင့် ဆက်စပ်နေသော လုပ်ငန်းများ၌ ပါဝင်သူများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————————
(English Version)

Sri Lanka begins criminal probe on burning of foreign vessel

COLOMBO, June 1 (Xinhua) — Sri Lanka’s Criminal Investigations Department on Monday said it had appointed a 10-member team of detectives to investigate the incidents surrounding the X-Press Pearl container ship, local media reported.

According to the police, the Director-General of the Marine Environment Protection Authority (MEPA) filed a complaint with the Harbour Police on May 23 over the environmental destruction caused by the fire onboard the foreign vessel.

The police said the officers from the Criminal Investigations Department recorded statements from the captain and chief engineer of the vessel at the hotel in capital Colombo where the crew is undergoing quarantine.

Statements will be recorded from the other crew members in the near future, the police said.
The X Press Pearl ship is registered under the flag of Singapore and was carrying 1,486 containers with 25 tons of nitric acid and several other chemicals and cosmetics from the port of Hazira, India on May 15.

The vessel sent out a distress call while being close to the Colombo Port on May 20, and soon caught fire resulting in the Sri Lankan Navy dispatching vessels to bring the fire under control.
Sri Lanka’s MEPA last week said a major environmental disaster was expected following the burning of the vessel and the impact was being assessed.

General Manager of the MEPA Terney Pradeep said the coastal line from the south along the west coast had debris washed ashore and the public had been strongly advised not to touch any of the debris as it could contain hazardous material.

The government said a large amount of marine life had been killed as a result of the pollution from the ship.The government has decided to pay a certain amount of compensation for the fishing community who had to suspend fishing activities incurring losses of their daily income and said this amount would be given to the fishing community as well as those involved in related industries. ■

1- Sri Lankan security personnel remove debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. (Photo by Ajith Perera/Xinhua)
2- An earthmover removes debris from the X-Press Pearl ship, on a beach at Pamunugama in Negombo, Sri Lanka, on May 28, 2021. (Photo by Ajith Perera/Xinhua)