Connect with us

Asia

သီရိလင်္ကာနိုင်ငံသို့ ၈ လအတွင်း တရုတ်နိုင်ငံသားခရီးသွား ၁၀၀,၀၀၀ ကျော် ဝင်ရောက်

သီရိလင်္ကာနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် နေရာတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် သြဂုတ်လအထိ တရုတ်နိုင်ငံသားခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည့် တရားဝင်စာရင်းများအရ သိရသည်။

သီရိလင်္ကာနိုင်ငံသို့ ဇန်နဝါရီလမှ သြဂုတ်လအထိ တရုတ် ကမ္ဘာလှည့်ခရီးသွား ၁၁၃,၉၈၉ ဦး လာရောက်ခဲ့ပြီး သီရိလင်္ကာအတွက် တတိယအကြီးဆုံး ကမ္ဘာလှည့်ခရီးသွားဈေးကွက် ဖြစ်နေကြောင်း ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။

သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ သြဂုတ်လအထိ ၁.၂ သန်းရှိခဲ့ပြီး ယခုနှစ်ကုန်တွင် ခရီးသွားဧည့်သည် ၂ သန်း ဝင်ရောက်ရန် အစိုးရက ရည်မှန်းထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံးဈေးကွက်ဖြစ်ပြီး ဒုတိယအများဆုံးနေရာမှာ ဗြိတိန်နိုင်ငံ ဖြစ်သည်။

ဧပြီလ ၂၁ ရက်တွင် လူပေါင်း ၂၅၀ သေဆုံးခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ဆိုးဝါးစွာ ထိခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)