Connect with us

Asia

အင်ဒိုနီးရှားတွင် လှေမှောက်မှုကြောင့် လူ ၁ ဦးသေဆုံးပြီးလူ ၄၀ ခန့်ပျောက်ဆုံးနေ

ကယ်ဆယ်ရေးအဖွဲ့ဝင်များ ရေနစ်သူများအား ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဂျာကာတာ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ North Sumatra ပြည်နယ် Danau Toba ကန် တွင် ဇွန် ၁၈ရက်က လှေမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး လူ ၄၀ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇွန် ၁၈ ရက် ဒေသစံတော်ချိန် ၁၇ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လူ ၈၀ ခန့်တင်ဆောင်လာသည့် ကူးတို့လှေတစ်စီးသည် အင်ဒိုနီးရှားနိုင်ငံ North Sumatra ပြည်နယ် Pulau Samosirမှ ထွက်ခွာပြီးနောက် တစ်ဖက်ဆိပ်ကမ်းရောက်ခါနီး ၁.၆ ကီလိုမီတာခန့်အကွာတွင် ရုတ်တရက်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊လက်ရှိ သေဆုံးသူရုပ်အလောင်း ၁ ခု ကို ရှာဖွေ့ရှိထားကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့်ကယ်ဆယ်ရေးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ Sutopo က ၎င်း၏တွစ်တာတွင် ရေးသားထားကြောင်း သိရသည်။

လှေမှောက်မှုကြောင့် လူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်း ၊ လက်ရှိ ကယ်ဆယ်ထားသူ ၃၃ ဦး ရှိရာ ၎င်းတို့ကို ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း North Sumatra ပြည်နယ်ရဲတပ်ဖွဲ့၏ သတင်းကို ကိုးကား၍ အင်ဒိုနီးရှားမီဒီယာများက ဖော်ပြထားသည်။

ကနဦးစုံစမ်းလေ့လာချက်များအရ ရာသီဥတုဆိုးဝါးခြင်းကြောင့် လှေမှောက်ရခြင်းဖြစ်နိုင်ကြောင်း ၊ဒေသခံရဲတပ်ဖွဲ့၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးဌာနတို့မှ ပျောက်ဆုံးသူများ ကို အရေးပေါ်ကယ်ဆယ်မှုများပြုလုပ်နေသော်လည်း လေပြင်းတိုက်၊လှိုင်းကြီးနေသောကြောင့် ကယ်ဆယ်ရေးလှုပ်ရှားမှုများ အခက်တွေ့နေရကြောင်းSutopoက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းစုနိုင်ငံဖြစ်ပြီး လှေနှင့်သင်္ဘောများကို အများပြည်သူသွားလာရာတွင် အဓိကအသုံးပြုနေကြသော်လည်း လုံခြုံမှုအားနည်းသောကြောင့် လှေမှောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.