Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ မီးတောင်ပေါက်ကွဲမှုဖြစ်ပွား ၊ မီးခိုးပြာများမှုတ်ထုတ်နေ

အင်ဒိုနီးရှားနိုင်ငံ ဘာလီဒေသရှိ Agung မီးတောင် ပေါက်ကွဲနေမှုမြင်ကွင်းအား ၂ဝ၁၈ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ယနေ့ဧပြီ ၂၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဘာလီကျွန်းအပန်းဖြေဒေသရှိ Agung မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာ မြေပြင်အထက်၂ ကီလိုမီတာခန့်အကွာ ကောင်းကင်ပြင်တစ်ခုလုံးတွင် မီးခိုးပြာများဖြင့် ဖုံးလွှမ်းနေကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးခိုးပြာများကြောင်းအသက်ရှူလမ်းကြောင်းအန္တရာယ်ကြုံတွေ့ရနိုင်သဖြင့် ဒေသခံများအတွက် နှာခေါင်းစည်းများကို လိုက်လံဝေငှပေးနေကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆိုသည်။

မီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၃ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ မီးခိုး နှင့် ပြာမှုန့်များသည် နိုင်ငံ့၏ အနောက်တောင်ပိုင်းသို့ဦးတည် လွင့်မျောနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သို့သော် Gusti Ngurah Rai နိုင်ငံတကာလေဆိပ်တွင် လေကြောင်း ခရီးစဉ်များ ရပ်ဆိုင်းခြင်း မရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။မီးတောင်ပေါက်ကွဲမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးကြောင်း Sutopo က ဆိုသည်။

Agung မီးတောင်သည် ဖြတ်သန်းသွားလာခွင့်မပြုသော မီးတောင်ဒေသအတွင်း တည်ရှိနေသည့် ဒုတိယအမြင့်ဆုံး မီးတောင်တစ်လုံးဖြစ်သည်။၎င်းမီးတောင်သည် ကမ္ဘာလှည့်ခရီးသည်များ အသွားအလာများသည့် Kuta မှ ၇ဝ ကီလိုမီတာကျော်ကွာဝေးသည့် Karangasem ခရိုင်အတွင်းတည်ရှိပြီး ၁၉၆၃ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲမှုတွင် လူပေါင်း ၁,၁ဝဝ ကျော်သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)