Connect with us

Asia

အင်ဒိုနီးရှား ဆူနာမီဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အတွက် အာရှဖွံ့ဖြိုးမှုဘဏ်က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

အင်ဒိုနီးရှားနိုင်ငံ၌ ငလျင်ကြောင့် ဆူနာမီလှိုင်းဒဏ်ခံရပြီးနောက် အပျက်အစီးပုံအား မြင်တွေ့ ရစဉ် (ဆင်ဟွာ)

မနီလာ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ၌ ဆူနာမီလှိုင်းဒဏ်ကြောင့် ဖြစ်ပွားခဲ့သည့် သေဆုံး ပျက်စီးမှုများ အတွက် ဝမ်းနည်းကြောင်း အာရှ ဖွံ့ဖြိုးမှုဘဏ် (ADB) ဘဏ် ဥက္ကဋ္ဌ Takehiko Nakao က ဒီဇင်ဘာ ၂၄ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ အစိုးရ နှင့် ပြည်သူများ အပါအဝင် ဆူနာမီလှိုင်းဒဏ် အဆိုးရွားဆုံး ရိုက်ခတ်ခံခဲ့ရသည့် Banten ပြည်နယ် နှင့် Lampung ပြည်နယ်ရှိ အသက် ဆုံးရှုံးမှုများ နှင့် ထိခိုက်ပျက်စီးမှုများ ခံစားခဲ့ရသည့် မိသားစုများ အတွက် ADB ဘဏ်ကိုယ်စား ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို (JokoWidodo)ထံ ပေးပို့သော သဝဏ်လွှာတွင် ဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ပြောကြားခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာ ၂၂ ရက် ညပိုင်း၌ Banten ပြည်နယ် နှင့် Lampung ပြည်နယ်ရှိ မြို့များ၏ ကမ်းရိုးတန်းတွင် ဆူနာမီ ရိုက်ခတ်မှုကြောင့် အနည်းဆုံး ၃၇၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁,၄၅၉ ဦး ရှိခဲ့သည်။

ADB ဘဏ် ဥက္ကဋ္ဌက မနီလာ အခြေစိုက် ADB ဘဏ် အနေဖြင့် ယခုကဲ့သို့ဘေးဒုက္ခ ကြုံတွေ့နေရသည့် အချိန်တွင် အင်ဒိုနီးရှား နိုင်ငံ အစိုးရ နှင့် ပြည်သူများ နှင့် အတူ ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ADB ဘဏ်အနေဖြင့် အင်ဒိုနီးရှား နိုင်ငံ အစိုးရ နှင့် ဘေးဒဏ်ခံ ပြည်သူများအား မရှိမဖြစ် လိုအပ်သော ကူညီ ထောက်ပံ့မှု များအား ပေးအပ်ရန် အဆင်သင့် ရှိကြောင်း ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ပြောကြားခဲ့သည်။

ပြီးခဲ့သော ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ အတွင်း နိုင်ငံ ၁၁ နိုင်ငံတွင် အင်အားပြင်း ငလျင် နှင့် ဆူနာမီ ဘေးဒဏ်ကြောင့် လူပေါင်း ၂၂၅,၀၀၀ ကျော် သေဆုံးခဲ့သည့် ဖြစ်စဉ် အတွင်း အင်ဒိုနီးရှား နိုင်ငံသည် အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.