Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ပြင်းထန်သည့် ငလျင် နှင့် ဆူနာမီ ကြောင့် သေဆုံးသူပေါင်း ၃၈၄ ဦး အထိ ရောက်ရှိလာ


ဂျာကာတာ ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး တားဆီးကာကွယ်ရေး ဌာန ၏ ထုတ်ပြန်ချက် အရ Central Sulawesi ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် အင်အား အလွန်ပြင်းထန်သော ငလျင် ကြောင့် ဆူနာမီ ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၃၈၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ Central Sulawesi ပြည်နယ် တွင် စက်တင်ဘာ ၂၈ ရက် ညနေပိုင်း အချိန်၌ အင်အား ၇.၇ အဆင့် ရှိ ပြင်းထန်သည့် ငလျင် လှုပ်ခတ်ခဲ့ကာ ဆူနာမီ ဖြစ်ပေါ် ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံ အစိုးရ မှ ထုတ်ပြန်ကြေညာ ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသ ၊ ရာသီဥတု နှင့် ဘူမိရူပ ဌာန ၏ ထုတ်ပြန်ချက်အရ ငလျင် လှုပ်ခတ်ခဲ့သည့် အနီးပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တွင် ဆူနာမီ ဖြစ်ပေါ် ခဲ့ပြီး ဆူနာမီ လှိုင်းအမြင့် မှာ ၁.၅ မှ ၂ မီတာ အထိ မြင့်မားကြောင်း ထုတ်ပြန် ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံ တွင် စက်တင်ဘာ ၂၈ ရက် ၌ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင် လှုပ်ခတ် ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ သတင်း မီဒီယာ ၏ ဖော်ပြချက်များအရ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်မီး နှင့် ဆက်သွယ်ရေး များ ပြတ်တောက်သွားခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း အတွက် အခက်အခဲ ဖြစ်စေခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ တွင် နှစ်စဉ် ငလျင် ကြီးငယ်ပေါင်း ထောင်နှင့်ချီ၍ ဖြစ်ပွား လေ့ရှိပြီး ယခု နှစ် ဇူလိုင်လကုန်ပိုင်း မှ သြဂုတ်လလယ်ပိုင်း အထိ အင်ဒိုနီးရှား နိုင်ငံ တွင် လှုပ်ခတ်ခဲ့သည့် ငလျင် များကြောင့် လူပေါင်း ၅၅၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.