Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ တွင် ရေကြီးခြင်း နှင့် မြေပြိုခြင်း တို့ကြောင့် သေဆုံးသူ ပေါင်း ၃၀ ဦး အထိ ရောက်ရှိလာ

အင်ဒိုနီးရှား နိုင်ငံ တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၌ မြေပြိုမှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

ဂျာကာတာ ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး တားဆီးကာကွယ်ရေး ဌာန က နိုင်ငံ ၏ South Sulawesi ပြည်နယ် တွင် လတ်တလောရက်ပိုင်း အတွင်း ဖြစ်ပွား ခဲ့သည့် ရေကြီးခြင်း နှင့် မြေပြိုခြင်း တို့ကြောင့် သေဆုံးသူပေါင်း ၃၀ ဦး အထိ ရောက်ရှိလာခဲ့ပြီး ၂၅ ဦး ပျောက်ဆုံးနေကာ လူ ထောင်နှင့်ချီ၍ အရေးပေါ် ရွှေ့ပြောင်းနေရာ ချထား ပေးခဲ့ရကြောင်း ဇန်နဝါရီ ၂၄ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ အင်ဒိုနီးရှား စံတော်ချိန် ဇန်နဝါရီ ၂၄ ရက် ၁၄ နာရီ အချိန် ထိ သဘာဝဘေးကြောင့် လူပေါင်း ၄၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃,၃၂၁ ဦး အား အရေးပေါ် ရွှေ့ပြောင်း နေရာချထား ခဲ့ရကြောင်း ၊ သဘာဝဘေးကြောင့် နိုင်ငံ အတွင်းရှိ ပြည်နယ် ၁၀ တွင် ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ကြောင်း ၊ လက်ရှိချိန် တွင် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ဌာန အသီးသီး နှင့် အဖွဲ့အစည်း တို့ က အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ထောက်ပံ့ရေး ပစ္စည်းများလည်း အချင်းဖြစ်ပွားရာ ဒေသ သို့ အဆက်မပြတ် ရောက်ရှိနေပြီး ဖြစ်ကြောင်း သိရှိရသည်။အင်ဒိုနီးရှား နိုင်ငံ တွင် နှစ်စဉ် နိုဝင်ဘာလ မှ ဧပြီလ အထိ က မိုးရာသီ ဖြစ်ကာ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု အများဆုံးဖြစ်ပွားရာ အချိန်ကာလ ဖြစ်ကြောင်း ၊ ၂၀၁၈ ဒီဇင်ဘာလ တွင် အင်ဒိုနီးရှား နိုင်ငံ West Java ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် မြေပြိုမှုကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)