Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၈ ခုနှစ်အတွင်း တရုတ် ခရီးသွားဧည့်သည် ၁.၂သန်းကျော် ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံရောက် တရုတ်ခရီးသွားတစ်ဦးကိုတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၈ ခုနှစ်အတွင်း တရုတ် ခရီးသွားဧည့်သည် ၁.၂သန်းကျော် လာရောက်ခဲ့ပြီး အဆိုပါ နိုင်ငံကို ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များထဲ၌ တရုတ် ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း ဖိလစ်ပိုင်ခရီးသွားလာရေး လုပ်ငန်းဦးစီးဌာနက ဇန်နဝါရီ ၂၄ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

တရုတ် ခရီးသွားဧည်သည် ဝင်ရောက်မှုသည်၂၉.၆၂ ရာခိုင်နှုန်းတိုးလာပြီး အကောင်းဆုံး ပြုပြင်တိုးတက်လာသည့် ဈေးကွက်တစ်ခုဖြစ်လာကြောင်း၊တရုတ် ခရီးသွားဧည့်သည် ၁,၂၅၅,၂၅၈ ဦးဝင်ရောက်ခဲ့ကြောင်း တရုတ် ဖိလစ်ပိုင်ခရီးသွားလာရေး လုပ်ငန်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။တရုတ် ဖိလစ်ပိုင်ခရီးသွားလာရေး လုပ်ငန်းဦးစီးဌာန ပြောကြားချက်အရ ဖိလစ်ပိုင်နိုင်ငံသို့ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် စုစုပေါင်း ၇.၁သန်း ဝင်ရောက်လည်ပတ်ခဲ့ပြီး တိုင်းပြည်၏ ခရီးသွားလုပ်ငန်းအတွက် အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်းသိရသည်။ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်း ခရီးစဉ်များ စတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်အတွင်း တရုတ် ခရီးသွားဧည့်သည် များပြားစွာတိုးလာကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံသို့ တရုတ် ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂၀၁၅ ခုနှစ်အတွင်း ၄၉၀,၀၀၀ဦး၊ ၂၀၁၆ ခုနှစ်အတွင်း ၆၇၅,၀၀၀ဦးနှင့်၂၀၁၇ ခုနှစ်အတွင်း ၉၆၈,၀၀၀စသည့်ဖြင့် သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117