Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံတွင် လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ့အစိုးရအဖွဲ့အမှုဆောင်ချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာကို တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာလ ၂၈ ရက်(ဆင်ဟွာ)

အာဖဂန်ပြည်သူများအနေဖြင့် လာမည့်ငါးနှစ်သက်တမ်းအတွက် နိုင်ငံ့ခေါင်းဆောင်သမ္မတ အားရွေး ချယ်ရန် တစ်ရက်ကြာပြုလုပ်မည့်သမ္မတရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၂၈ ရက် နံနက်က  စတင်မဲပေးနေကြကြောင်းသိရသည်။

မဲပေးပွဲကို နိုင်ငံ၏ ပြည်နယ် ၃၄ ခုတွင်ဒေသစံတော်ချိန် နံနက် ၇ နာရီတွင်စတင်ခဲ့ပြီး မွန်းလွဲ ၃ နာရီ တွင်ပြီးဆုံးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူများကပြောကြားသည်။ ၂၀၀၁ ခုနှစ်တွင် အာဖ ဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်စစ်သွေးကြွများအားအာဏာရယူထားမှုမှဖြုတ်ချခဲ့ပြီးနောက် ယခုအကြိမ် ဆိုလျှင် သမ္မတရွေးကောက်ပွဲအားလေးကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။

 

ငါးနှစ်ကြာသမ္မတရာထူးနေရာအတွက် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်သူ ၁၈ ဦးရှိပြီး လက်ရှိသ မ္မတ မိုဟာမက် အက်ရှ်ရက်ဖ် ဂါနီ နှင့်အစိုးရအဖွဲ့အမှုဆောင်ချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာ တို့လည်းပါဝင် ကြသည်။သမ္မတရွေးကောက်ပွဲအတွက် လုံခြုံရေးအခြေအနေက အကြီးမားဆုံး စိမ်ခေါ်မှုဖြစ်နေကြောင်းလည်း သိရသည်။ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ က နိုင်ငံအဝန်းရှိ မဲရုံ ၅,၃၇၃ ရုံအနက် ၄,၉၄၂ ရုံတွင် လုံခြုံ ရေးဖြည့်တင်းပေးခဲ့ကာ နယ်စပ်အစွန်အဖျားရှိ ကျန်မဲရုံ ၄၃၁ ရုံ ကိုမူလုံခြုံရေးခြိမ်းခြောက်မှုများကြောင့် မဲပေးပွဲနေ့တွင်ဖွင့်လှစ်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူများကပြောကြားသည်။အာဖဂန်နစ္စတန်နိုင်ငံတွင် မဲပေးနိုင်သူ ၉ ဒသမ ၄ သန်းကျော်ရှိသည့်အနက် ၃၅ ရာခိုင်နှုန်းမှာအမျိုးသ မီးမျာဖြစ်ကြကြောင်းသိရသည်။(Xinhua)