Connect with us

Asia

အိန္ဒိယနိုင်ငံတွင် လှေမှောက်မှုကြောင့် လူ တစ်ဦးသေဆုံး၊ ၂၄ဦးအား ကယ်ဆယ်နိုင်ခဲ့

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် တိမ်းမှောက်ခဲ့သည့် စပိဘုတ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် အောက်တိုဘာ ၂၄ ရက်က စပိဘုတ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂၄ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဒေသခံအစိုးက က ပိုင်ဆိုင်သည့် အဆိုပါ စပိဘုတ်သည် Maharashtra ပြည်နယ် မြို့တော် မွမ်ဘိုင်းမြို့ Shivaji Smarak အထိမ်းအမှတ် ရုပ်တုအနီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယင်း စပိဘုတ်သည် အစိုးရ အကြီးတန်းအရာရှိများ နှင့် သတင်းသမားများကို တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲအရာရှိတစ်ဦးက ရုပ်အလောင်းတစ်လောင်းကို ပြန်လည်ဆယ်ယူခဲ့ကြောင်း၊ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ သည် လူ ၂၄ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း နှင့် ယင်းလှေသည် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းတွင် ကျောက်တုံးများ နှင့် တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာသို့ ကမ်းခြေစောင့်တပ်ဖွဲ့သည် ကယ်ဆယ်ရေးလှေများ၊ ရဟတ်ယာဉ်များ နှင့် အလျင်အမြန်ရောက်ရှိလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.