Connect with us

Asia

အိန္ဒိယနိုင်ငံ၌ ချက်ပြုတ်သည့် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံး ၊ နေအိမ် ၂ လုံးပြိုကျ

အိန္ဒိယနိုင်ငံတွင် ဂတ်စ်အိုး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာ၌ အပျက်အစီးများအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

နယူးဒေလီ ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်၌ ထမင်းဟင်း ချက်ပြုတ်သည့် ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၇ ဦးထက်မနည်း သေဆုံးပြီး အခြား ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။ယင်းပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံး ပြိုကျခဲ့ကြောင်း ၊ Uttar Pradesh ပြည်နယ် မြို့တော် Lucknow မြို့၏ အရှေ့ဘက် ၁၅၈ ကီလိုမီတာအကွာ Gonda ခရိုင်အတွင်း Wazirganj နယ်မြေရှိ Tikri ကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ညနှောင်းပိုင်းက ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံးအမိုး ပြိုကျသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုလက်ခံရရှိခဲ့တယ်”ဟု အဆင့်မြင့်ရဲအရာရှိ Santosh Kumar Mishra က သတင်းထောက်များအား ပြောကြားခဲ့သည်။

“အခင်းဖြစ်နေရာကို ကျွန်တော်တို့ ချက်ချင်း သွားရောက်ခဲ့ပါတယ်။ဒေသခံတွေရဲ့အကူအညီနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။အပျက်အစီးတွေထဲက လူ ၁၄ ယောက်ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။လူ ၇ ဦးက သေဆုံးသွားခဲ့ပြီး ကျန် ၇ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

သေဆုံးသူ ၇ ဦးအနက် အမျိုးသား နှစ်ဦး ၊ အမျိုးသမီး နှစ်ဦး နှင့် ကလေးငယ် သုံးဦးတို့ ပါဝင်ကြောင်း သိရသည်။ တာဝန်ရှိသူများက အပျက်အစီးများအား ရှင်းလင်းရန် အခင်းဖြစ်နေရာသို့ စက်ယန္တရားကြီးများ ယူဆောင်လာခဲ့ပြီး ရှာဖွေရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ပေါက်ကွဲမှု ဖြစ်ပွားရခြင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ “သိသာထင်ရှားတာက ထမင်းဟင်း ချက်ပြုတ်တဲ့ ဂတ်စ်အိုးပေါက်တယ်လို့ ယူဆရပါတယ်။ဒါပေမယ့် အကြောင်းရင်းတိတိကျကျ သိနိုင်ဖို့ မှုခင်းတပ်ဖွဲ့ အကူအညီကို ရယူသွားမှာပါ”ဟု Mishra က ပြောကြားခဲ့သည်။ ဒဏ်ရာပြင်ထန်းသူများ၏ ဆိုးရွားသော အခြေအနေကြောင့် သေဆုံးသူ အရေအတွက်မှာ ဆက်လက် မြင့်တက်ဖွယ်ရှိကြောင်း သတင်းများအရ သိရသည်။ (Xinhua)

——————————————
(English Version)

Cooking gas cylinder blast kills 7 in India as 2 houses collapse

NEW DELHI, June 2 (Xinhua) — At least seven people were killed and seven others injured after a cooking gas cylinder exploded in the northern Indian state of Uttar Pradesh, police said on Wednesday.

The blast, which brought down two houses, took place at village Tikri of Wazirganj area in Gonda district, about 158 km east of Lucknow, the capital city of Uttar Pradesh.
“Late last night we received a call about a cylinder blast that caused roof collapse of a residential house,” a senior police official Santosh Kumar Mishra told media.

“Immediately we rushed to the spot and with the help of local people, rescue operations were started. Fourteen people were pulled out from the debris and of them, seven were declared dead and seven others are undergoing treatment at a hospital.”The deaths include two men, two women and three children.Authorities brought heavy machinery to the site to clear the debris and carry out a search.

The police have ordered an investigation to ascertain the cause of the blast.”Prima facie it appears a gas cylinder meant for cooking has blasted, but we have sought help from forensic teams to know the exact cause,” Mishra said.Reports said the death toll is likely to go up in wake of the critical condition of the injured. Enditem