Asia
အိန္ဒိယနိုင်ငံ၌ မုန်တိုင်းဒဏ်ကြောင့် လူ ၂ဝ ကျော်သေဆုံး

နယူးဒေလီ ၊ မေ ၃ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်၌ တစ်နာရီလျင် မိုင် ၉ဝ နှုန်းဖြင့် တိုက်ခတ်နေသော လေပြင်းမုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၂ဝ ကျော် သေဆုံးပြီး ၆ဝ ကျော်ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ၊ ၎င်းမုန်တိုင်းသည် ပြည်နယ်အတွင်းရှိ ဒေသအများအပြားကို ရိုက်ခတ်ခဲ့ကြောင်း Rajasthan Patrika နေ့စဉ် အွန်လိုင်းသတင်းစာက ယနေ့မေလ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သတင်းတွင် ဖော်ပြထားပြီး မေလ ၂ ရက် ညပိုင်းက တိုက်ခတ်ခဲ့သော အင်အားပြင်းထန်သည့် မုန်တိုင်းကြောင့် ပျက်စီးသွားသော အဆောက်အအုံများပျက်စီးခြင်း နှင့် သေဆုံးသူများကို ရှင်းလင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ဆက်လက်ဖော်ပြထားသည်။
အဆိုပါအင်အားပြင်းမုန်တိုင်းကြောင့် အဝေးပြေးလမ်းမတစ်လျှောက်ရှိ သစ်ပင်ကြီးများ အမြစ်မှ ကျွတ်ထွက်သွားကြောင်း နှင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့်သော နေရာအများစုတွင် အဆောက်အဦများပြိုကျခြင်းကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ၊ မေလ ၂ ရက် ညနေပိုင်းတွင် ဒေလီမြို့နှင့် ဆက်စပ်ဧရိယာများတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှု နှင့် နံရံပြိုကျမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)