Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းရှိ တံတား ပြိုကျ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ပြိုကျသွားသော တံတားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဇူလိုင်လ ၃ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူကူးတံတားတစ်စင်း ပြိုကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“Andheri နယ်မြေ အရှေ့နဲ့အနောက်ကို ဆက်ထားတဲ့ Gokhale တံတားရဲ့ အစိတ်အပိုင်းပြိုကျခဲ့တာပါ။ လက်ရှိမှာ တံတားပေါ်နဲ့ တံတားအောက်တွေမှာ လူတွေဖြတ်သန်းသွားလာခွင့် ပိတ်ထားပါတယ်” ဟု မွမ်ဘိုင်း ရဲတပ်ဖွဲ့က တွစ်တာပေါ်၌ ရေးသားထားသည်။

အပျက်အစီးများကြားတွင် လူတစ်ယောက် ပိတ်မိနေကြောင်း အိန္ဒိယနိုင်ငံ အာဏာရပါတီ Bharatiya Ganata ပါတီ အဆင့်မြင့် အမတ် Kirit Somiaya က ပြောကြားခဲ့သည်။

အဆိုပါ တံတားပြိုကျခြင်းကြောင့် ရထားလမ်းဖြတ်သန်းသွားလာရေးအတွက် အတားအဆီးဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

မြို့တော်ဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့် ရထားရဲတပ်ဖွဲ့တို့က အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားခဲ့သည်။ “အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူတွေရှိနိုင်မလားလို့ ကျွန်တော်တို့ စစ်ဆေးနေပါတယ်” လို့ ရဲအရာရှိက ပြောကြားခဲ့သည်။

မွမ်ဘိုင်းမြို့ရှိ နယ်မြေ တော်တော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်မှုနှင့် မြို့တခွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.