Connect with us

Asia

အိန္ဒိယ နိုင်ငံ ဒေလီမြို့ လေထု ညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်

အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ မြင်ကွင်း တစ်ခုအား နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ဒေလီမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများတွင် နိုဝင်ဘာ ၁၃ ရက် နံနက်တွင် လေထု အရည်အသွေး အညွှန်း ကိန်း(AQI) ၅၀၀ ခန့် အထိ မြင့်တက်သွားသည်နှင့်အမျှ လေထု အရည်အသွေး ဆိုးရွားသည့် အခြေအနေ သို့ တစ်ဖန် ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သိရသည်။

လေထုအရည်အသွေး ရာသီဉတု ခန့်မှန်းခြင်း နှင့် သုတေသန စနစ်(SAFAR) အရ လေထု အရည်အသွေး အညွှန်းကိန်း ၀-၅၀ အကြားမှာ ကောင်းမွန်ပြီး ၊ ၅၀-၁၀၀ အကြားမှာ စိတ်ကျေနပ်ဖွယ် အခြေအနေ ရှိကြောင်း ၊ ၁၀၀-၂၀၀ အကြားတွင် သင့်တင့်သည့် အခြေအနေတွင် ရှိပြီး ၂၀၀-၃၀၀ အကြားတွင် ညံ့ဖျင်းကြောင်း ၊ ၃၀၀-၄၀၀ အကြားတွင် အလွန် ညံ့ဖျင်းပြီး ၄၀၀-၅၀၀ အကြားတွင် ဆိုးရွားသည့် အဆင့်တွင် ရှိကြောင်း နှင့် ၅၀၀ အထက် ဖြစ်သွားပါက အရေးပေါ် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်း ဟာရီယာနား(Haryana)ပြည်နယ်ရှိ Gurugram မြို့ကဲ့သို့ ဒေလီမြို့အနီးရှိ အချို့ဒေသများတွင် လေထု အရည်အသွေး အညွှန်းကိန်း အရေးပေါ် အခြေအနေ ဖြစ်သည့် ၅၀၀ အထက်တွင် ရှိနေကြောင်း သိရသည်။ 

အိမ်နီးချင်း Uttar Pradesh ပြည်နယ်ရှိ Noida မြို့၌လည်း လေထု အရည်အသွေး အညွှန်းကိန်း ၅၀၀ အထက်တွင် ရှိနေ ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ မြို့တော် အနီးတစ်ဝိုက်၌ ဖြစ်ပေါ်နေသော လေထု အရည်အသွေး အခြေအနေများကြောင့် ပြင်းထန်သော ကျန်းမာရေး ပြသနာများ ဖြစ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် နှလုံးရောဂါများ ဖြစ်စေနိုင်ကြောင်း မီဒီယာများတွင် ဖော်ပြမှုများ အရ သိရသည်။

လေထု အရည်အသွေး ဆိုးရွားရသည့် အဓိက အကြောင်းရင်းမှာ အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ပန်ဂျပ် နှင့် ဟာရီယာနား ပြည်နယ်ရှိ လယ်သမားများက ကောက်ပဲသီးနှံ အကြွင်းအကျန်များကို မီးရှို့နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒေလီမြို့၏ ဝန်ကြီးချုပ် Arvind Kejriwal က အမှိုက်များကို မီးရှို့နေခြင်းကို ရပ်သင့်ကြောင်း ၊ ပြည်သူများက အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရကြောင်း ၊ တရားရုံးချုပ်ကိုလည်း ညွှန်ကြားထားကြောင်း ၊ ဒေလီမြို့၌ ပြီးခဲ့သည့် အပတ်က လေထု ညစ်ညမ်းမှုမှာ ပြန်လည် သက်သာလာခဲ့ပြီးနောက် အမှိုက် မီးရှို့ခြင်းများကြောင့် လေထု ညစ်ညမ်းမှု ထပ်မံ တိုးပွား လာခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.