Connect with us

Asia

အိန္ဒိယ နိုင်ငံ ဓာတုစက်ရုံ တစ်ခု တွင် အဆိပ်ငွေ့ ယိုစိမ့်မှုကြောင့် လူပေါင်း ရာနှင့်ချီ၍ အဆိပ်သင့် ခဲ့ပြီး လက်ရှိချိန်တွင် ၁၁ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ တောင်ပိုင်း Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု တွင် မေလ ၇ ရက် ၌ အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၅၀ ခန့် က ဒေသတွင်း ရှိ ဆေးရုံ နှစ်ရုံ တွင် ဆေးဝါးကုသမှုခံယူနေပြီး လက်ရှိချိန် အထိ လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် လူပေါင်း ၂၅ ဦး က အသက်ရှူစက်ဖြင့် ကုသမှုခံယူ နေရကြောင်း အိန္ဒိယ နိုင်ငံ အမျိုးသား ကပ်ဘေးတုံ့ပြန်မှု တပ်ဖွဲ့ က မေလ ၇ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

မေလ ၇ ရက် နံနက်ပိုင်း အချိန်တွင် ဖြစ်ပွား ခဲ့သည့် အဆိပ်ငွေ့ ယိုစိမ့်မှု က ဒေသတွင်း တုန်လှုပ်ခြောက်ခြားမှု ဖြစ်ပွား စေခဲ့ပြီး လက်ရှိချိန်တွင် သက်ဆိုင်ရာဌာန များ က အနီးပတ်ဝန်းကျင် ရှိ ပြည်သူလူထု ပေါင်း ၃,၀၀၀ ကျော် ကို လုံခြုံရာ သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် ရှိ ဓာတ်တုစက်ရုံ တစ်ခု အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အဆိပ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွား ခဲ့သည့် ဓာတုစက်ရုံ အား ၁၉၆၁ ခုနှစ်တွင် တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး အဓိက အားဖြင့် Polystyrene ထုတ်လုပ်သည့် စက်ရုံ ဖြစ်ကြောင်း ၊ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ယင်းစက်ရုံ က ရက်ပေါင်း ၄၀ ကျော် ရပ်နားထားခဲ့ပြီး မေလ ၇ ရက် တွင် လုပ်ငန်းပြန်လည် စတင်ရန် ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)