Connect with us

Asia

၂ဝ၁၉ ခုနှစ်အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်း နှစ်ဦးအမည်စာရင်းပေးသွင်း

သြဂုတ် ၁ဝ ရက်က အင်ဒိုနီးရှားနိုင်ငံသမ္မတ ဝီဒိုဒို ရွေးကောက်ပွဲ မှတ်ပုံတင်နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို နှင့် ၂ဝ၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ၎င်း၏အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဘိုဝိုဆူဗီယန်တို(Prabowo Subianto) တို့သည် လာမည့် ၂ဝ၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်ထံသို့သြဂုတ် ၁ဝ ရက်က သမ္မတလောင်းအဖြစ် အသီးသီးအမည်စာရင်းပေးသွင်း မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

သမ္မတဝီဒိုဒိုက အစ္စလာမ်မစ်ဘာသာရေးခေါင်းဆောင် Ma’aruf Amin အား ၎င်း၏ ရွေးကောက်ပွဲမိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ပြီး ပရာဘိုဝိုက ဂျကာတာမြို့ဒုတိယမြို့တော်ဝန် နှင့် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သူ Sandiaga Salahuddin အား မိတ်ဖက်အဖြစ် လက်တွဲခဲ့ကြောင်း သိရသည်။

အသက် ၅၇ နှစ်အရွယ်ရှိ သမ္မတ ဝီဒိုဒိုသည် ပညာရေးမြှင့်တင်ခြင်း ၊ အခြေခံအဆောက်အအုံကြီးများတည်ဆောက်ခြင်း ၊ ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးခြင်း နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ခြင်း စသည့် နိုင်ငံရေးအခင်းအကျင်းများဖြင့် ၂ဝ၁၄ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သူဖြစ်သည်။

၎င်း၏ သမ္မတရာထူးသက်တမ်းအတွင်း ဝီဒိုဒိုသည် စက်သုံးဆီဈေးနှုန်းလျှော့ချခြင်း ၊ လူမှုရေးအစီအစဉ်များနှင့် အခြေခံအဆောက်အအုံများတည်ဆောက်ရေးအစီအစဉ်များအတွက် နိုင်ငံဘက်ဂျက်ငွေကို ပိုမိုအသုံးပြုခဲ့သည်။

“ ဒီမိုကရေစီဟာ စစ်ပွဲတစ်ပွဲမဟုတ်သလို ဒီမိုကရေစီဟာ ရန်သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဉာဏ်ရည်ဉာဏ်သွေးပြိုင်ပွဲတစ်ခုဖြစ်လို့ အောင်မြင်မှုမှတ်တမ်းဘယ်လောက်ရှိလဲဆိုတဲ့နောက်ကို လိုက်ရတာပါပဲ”ဟု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မှတ်ပုံတင်ပြီးနောက် ဝီဒိုဒိုက ပြောကြားခဲ့သည်။

သြဂုတ် ၁ဝ ရက်က အင်ဒိုနီးရှား အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဘိုဝို ရွေးကောက်ပွဲ မှတ်ပုံတင်နေစဉ် (ဆင်ဟွာ)

“ ပြီးခဲ့တဲ့ညက ပရာဘိုဝိုဟာ သူ့ရဲ့ မိတ်ဖက်ကို ကြေညာခဲ့ပါတယ်။ ကျွန်တော်တို့သူ နဲ့သူ ထောက်ခံတဲ့ပါတီကို ဂုဏ်ပြုပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝီဒိုဒို၏ မိတ်ဖက်ဖြစ်သူ အသက် ၇၅ နှစ်အရွယ် Amin သည် အင်ဒိုနီးရှားနိုင်ငံ၏ အမြင့်ဆုံးမွတ်စလင်အဖွဲ့အစည်းဖြစ်သည့် Ulema Council(MUI) ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့မွတ်စလင်ဘာသာဝင်အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံ၏ မဟာဗျူဟာမြောက်အရေးပါသူတစ်ဦးဖြစ်သည်။

ပရာဘိုဝိုသည် အင်ဒိုနီးရှားနိုင်ငံ စစ်တပ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမညီမျှမှုဖြစ်နေပေါ်နေခြင်းကို ပြန်လည်တည့်မတ်ပေးရန် ကတိပြုထားကြောင်းသိရသည်။

“ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ကိုယ်စား နိုင်ငံ့အာဏာကို လိုချင်တာပါ။ အင်ဒိုနီးရှားပြည်သူတွေ စာလောင်နေတာ ၊ ဆင်းရဲနေတာကို ကျွန်တော်တို့မလိုလားပါဘူး” ဟူ၍ ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြီးနောက် ပရာဘိုဝို ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.