Asia
ကမ္ဘာ့အမြင့်ဆုံး ရုပ်တု အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်

နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ ရုပ်တုမှာ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး Sardar Patel သို့မဟုတ် “အိန္ဒိယ၏ သံမဏိလူသား” ဟု လူသိများသော Sardar Vallabhbhai Patel ၏ ပုံတူကို ပြုလုပ်ထားခြင်း ဖြစ်ပြီး အရှည် ၁၈၂ မီတာမြင့်ကာ မိုဒီ၏ မွေးရပ်ဖြစ်သည့် ဂူဂျာရတ်ပြည်နယ် နာမာဒါခရိုင် ကီဗာဒီယာကျေးရွာတွင် ထားရှိကြောင်း သိရသည်။
အဆိုပါ ရုပ်တုအား အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
Sardar Patel သည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်မှု အခက်အခဲတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပြီး လယ်သမားများ ဖူလုံရေးအတွက် ကတိပြုခဲ့သည့် နာမည်ကျော် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့သည် Sardar Patel ၏ ၁၄၃ နှစ်မြောက် မွေးနေ့လည်း ဖြစ်သည်။ အဆိုပါ “စည်းလုံးခြင်းရုပ်တု” အား နိုဝင်ဘာလ ၃ ရက်တွင် အများပြည်သူအတွက် ဖွင့်လှစ်ပေးသွားမည်ဟု ဆိုသည်။
အဆိုပါ ရုပ်တုသည် လေတိုက်နှုန်း တစ်စက္ကန့်လျှင် ၆၀ မီတာအထက် တိုက်ခတ်မှု၊ တုန်ခါမှုနှင့် ငလျင်ဒဏ်များကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။
ထို ရုပ်တုအား အင်ဂျင်နီယာဦးရေ ၃၀၀ ကျော်အပါအဝင် အလုပ်သမား ၃,၀၀၀ ကျော်ဖြင့် အချိန် သုံးနှစ်ခွဲကြာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)