Asia
ဂျပန်တွင် နွေရာသီပွဲတော်တစ်ခု ၌ ပေါက်ကွဲမှုကြောင့် လူ၉ဦး ဒဏ်ရာရရှိ
တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ခါနာဂါဝါစီရင်စု၊ ဆာဂါမီဟာရာမြို့ ရှိ နွေရာသီပွဲတော်တစ်ခု တွင် သြဂုတ် ၄ရက် ညနေပိုင်းက မီးဖိုတစ်ခု၏ ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကြက်ကင်ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ မီးဖို၏ ဓါတ်ငွေ့အိုး သည် ဒေသစံေတော်ချိန် ညနေ ရး၂၅နာရီ တွင် ပေါက်ကွဲခဲ့ရာ ဆိုင်အနီးရှိ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ တောင်ပိုင်း ဆာဂါမီဟာရာမြို့ ရှိ ခရိုင်တစ်ခုတွင် နှစ်စဉ် ကျင်းပသော နွေရာသီပွဲတော်တစ်ခု ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲသို့ နှစ်စဉ် လူ ၃,၀၀၀ခန့် လာရောက်ကြကြောင်း ပွဲစီစဉ်သူတစ်ဦးကပြောကြားခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့ နှင့် မီးသတ်ဌာန က ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)