Connect with us

Asia

တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲအတွက် အတိုက်အခံပါတီများ၏ ထိပ်တန်းရောက် ကိုယ်စားလှယ်လောင်းများ

တောင်ကိုရီးယား သမ္မတလောင်းများအဖြစ် ဝင်ရောက်အရွေးခံမည့်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတသစ် ရွေးကောက်ပွဲအတွက် အဓိက အတိုက်အခံ ပါတီက ဝင်ရောက် ယှဉ်ပြိုင်မည့် သမ္မတလောင်း မျှော်လင့်ချက်အား ဒေသခံ မီဒီယာ သုံးခုမှ ဆန္ဒမဲများ ကောက်ယူခဲ့သည်။

ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည့် ရှေးရိုးစွဲ Chosum Ilbo သတင်းစာ၏ စစ်တမ်းကောက်ယူမှုအရ အကြီးဆုံး အတိုက်အခံပါတီ Minjoo ပါတီ ဥက္ကဋ္ဌဟောင်း Moon Jae-in က သမ္မတ ဖြစ်နိုင်ခြေများထဲတွင် ထိပ်ဆုံးနေရာတွင် ရှိနေကြောင်း သိရသည်။

Moon နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းတို့အကြား စစ်တမ်းကောက်ယူမှုအရ Moon သည် ၄၂.၂ ရာခိုင်နှုန်း၊ ဘန်က ၃၅.၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး Moon က တောင်ကိုရီးယား သမ္မတသစ်အဖြစ် တစ်ပြေးနေကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က တာဝန်မှ အနားယူလိုက်သည့် ဘန်သည် စစ်တမ်း ကောက်ယူမှုအရ ဒုတိယနေရာတွင် ရှိနေပြီး ဇန်နဝါရီလလယ်ပိုင်းတွင် မိခင်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသို့ ပြန်လာမည် ဖြစ်သည်။ ၎င်းအနေဖြင့် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တရားဝင် ကြေညာထားခြင်း မရှိသော်လည်း ကွန်ဆာဗေးတစ် အုပ်စုအတွင်း သြဇာအရှိဆုံး ကိုယ်စားလှယ်လောင်း အဖြစ် ရှုမြင်ထားသူ ဖြစ်သည်။

ရွေးကောက်ပွဲ မကျင်းပမီ ကောက်ယူထားသည့် စစ်တမ်းအရ Moon က ၃၇ ရာခိုင်နှုန်း၊ ဘန်က ၂၄.၈ ရာခိုင်နှုန်းနှင့် အတိုက်အခံ ပါတီငယ် People Party ခေါင်းဆောင်ဟောင်း Ahn Cheol-soo က ၁၁.၁ ရာခိုင်နှုန်းနှင့် Saenuri ပါတီမှ ၂.၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

Joogang Ilbo သတင်းစာနှင့် Yonhap သတင်း အေဂျင်စီတို့မှ ကောက်ယူထားသည့် သမ္မတလောင်းဆိုင်ရာ စစ်တမ်းအရ Moon က ပထမနေရာတွင် ရှိနေကြောင်း တွေ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.