Connect with us

Asia

၂၀၁၆ခုနှစ်အတွင်း အန်ကောရှေးဟောင်းပန်းခြံ လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ ၆၂.၅သန်းရရှိ

ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောရှေးဟောင်းအမွေအနှစ်ပန်းခြံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အန်ကောရှေးဟောင်းအမွေအနှစ်ပန်းခြံ သို့လာရောက်သော နိုင်ငံခြားသား ခရီးသွားများအား လက်မှတ်ရောင်းရငွေသည် ၂၀၁၆ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၂.၅သန်း ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၄.၂၁ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

၂၀၁၆ခုနှစ်တွင် ယင်းရှေးဟောင်းပန်းခြံသို့ ကမ္ဘာ့လှည့်ခရီးသွား ၂.၂သန်းနီးပါး လာရောက်ခဲ့ပြီး ယခင်နှစ်ကထက် ၄.၆၃ရာခိုင်နှုန်းမြင့်တက်လာကြောင်း နိုင်ငံပိုင် အန်ကောရှေးဟောင်းပန်းခြံလုပ်ငန်းက ဇန်နဝါရီ ၂ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါနေရာသို့ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက် ကြကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်တွင် တည်ရှိသော အန်ကောရှေးဟောင်း အမွေအနှစ်ပန်းခြံ အား ၁၉၉၂ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့ပြီး နိုင်ငံ၏ ထိပ်တန်း ခရီးသွားဧည့်သည်ဆွဲဆောင်မှု နေရာတစ်ခုဖြစ်ကြေင်း သိရသည်။

သြဂုတ်လတွင် အန်ကောရှေးဟောင်းပန်းခြံလုပ်ငန်းက နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် လက်မှတ်ဈေးနှုန်းများအား ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၎င်းက လက်ရှိကောက်ခံနေသည့် တစ်ရက်ဝင်ခွင့်လက်မှတ်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၀အား အမေရိကန်ဒေါ်လာ ၃၇ အထိတိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သုံးရက်ကြာလည်ပတ်ခွင့် လက်မှတ်ဈေးနှုန်း အား အမေရိကန်ဒေါ်လာ ၄၀မှ ၆၂ဒေါ်လာအဖြစ်လည်းကောင်း၊ တစ်ပတ်ကြာ လည်ပတ်ခွင့်အား အမေရိကန်ဒေါ်လာ ၆၀ မှ ၇၂ဒေါ်လာ အဖြစ်လည်းကောင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.