Asia
ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသည့် ယောကျ်ားလေးများကို ကယ်ဆယ်ရေး ဒုတိယအဆင့် လုပ်ဆောင်

ချင်းရိုင်၊ ထိုင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ မြောက်ပိုင်း ဂူအတွင်း ပိတ်မိနေဆဲဖြစ်သော လူငယ်ဘောလုံးအသင်းမှ ယောကျ်ားလေးများအား ဂူအပြင်သို့ ရောက်ရှိရေး ဒုတိယအဆင့် ကယ်ဆယ်ရေးလုပ်ငန်းများအား ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသည့် ယောကျ်ားလေးများကို ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ဒုတိယအဆင့် ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင်လ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁း၀၀ နာရီက စတင်ခဲ့ပြီး အချိန်များစွာယူကောင်းယူရမည် ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း အကြီးအကဲ Narongsak Osottanakorn က သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)