Asia
နီပေါနိုင်ငံ တစ်လျှောက် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၂၈ ဦး ရှိလာ
ခတ္တမန္ဒူ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံတွင် ဇူလိုင်လ ၂၆ ရက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူ ၂၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နီပေါနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန က ပြောကြားခဲ့သည်။
နိုင်ငံ၏ မတူညီသည့် ဒေသများတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် လူ ၂၄ ဦး ပျောက်ဆုံးနေကြောင်း ဝန်ကြီးဋ္ဌာန က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
နယ်မြေ ၁၀ ခုတွင် ရေကြီးမှုများကြောင့် နေအိမ်ပေါင်း ၇၅ လုံး ပျက်စီးခဲ့ရပြီး သေဆုံးသူ ဦးရေလည်း များပြားလာခဲ့ကြောင်းနှင့် ယင်းဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံ ရဲတပ်ဖွဲ့များအား ဖြန့်ကျက် စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
ထို့အပြင် သဘာဝ ဘေးအန္တရာယ် ခံစားရသည့် ဒေသများ အတွင်းရှိ ကယ်ဆယ်ရေး ကော်မတီများကိုလည်း ဒေသခံ ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ (Xinhua)