Connect with us

Asia

အစိုးရသစ် ပြန်လည်ဖွဲ့စည်းကြောင်း အင်ဒိုနီးရှား သမ္မတ ကြေညာ

အင်ဒိုနီးရှားတွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့ ဝန်ကြီး ၉ ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျကာတာ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ခြင်းနှင့် နိုင်ငံရေး အဖွဲ့အစည်းများ ပိုမို ထောက်ပံ့မှုများ ရရှိနိုင်ရန် ၎င်း၏ အစိုးရအဖွဲ့အား ဒုတိယ အကြိမ်မြောက် ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၂၇ ရက်၌ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက သမ္မတ အိမ်တော်မှ ကြေညာလိုက်သည်။

အသစ် ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့တွင် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ လုံခြုံရေးဆိုင်ရာ ဥပဒေနှင့် နိုင်ငံရေးရာများ၊ ပညာရေးစသည့် ဝန်ကြီးနေရာ ကိုးခုအား အသစ်ပြောင်းလဲခြင်းနှင့် ပြန်လည်နေရာ ချထားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သမ္မတ ဝီဒိုဒိုက ပြောသည်။
ငွေကြေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေး သမားဟောင်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Sri Mulyani အား ဘဏ္ဍာရေးဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။
လုံခြုံရေး ဝန်ကြီးချုပ် အဖြစ် Peoples conscience ပါတီ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝီရန်တိုအား Golkar ပါတီမှ Luhut Binsar Pandjaitan ၏ နေရာ၌ အစားထိုး ခန့်အပ်ခဲ့သည်။ Luhut ကိုမူ ပင်လယ်ရေကြောင်း စေ့စပ် ညှိနှိုင်းရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်း သမ္မတက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.