Connect with us

Asia

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ရုတ်တရက် မြစ်ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃၀ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှု တစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်ဘတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန် အနောက်အမြောက်ပိုင်း ချီထရယ် ခရိုင်တွင် ရုတ်တရက် ရေကြီးမှု ဖြစ်ပွားခဲ့၍ အမျိုးသမီးများ နှင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး ၃၅ဦး ဒဏ်ရာရရှိခဲ့ကာ အများအပြား ပျောက်ဆုံးနေကြောင်း ပြည်တွင်း မီဒီယာများ နှင့် တာဝန်ရှိသူများက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ချီထရယ်ခရိုင် ၏ မြို့တော်ဝန် Maghfirat Hussain က နိုင်ငံ၏ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် ရှိ ချီထရယ်ခရိုင်၊ အာရွှန်းရွာ တွင် ရေကြီးမှုဖြစ်ပွားခဲ့သောကြောင့် ဗလီကျောင်းတစ်ကျောင်း နှင့် လူနေအိမ် အလုံး ၃၀ ရေနှင့်အတူ မျောပါ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗလီကျောင်းအတွင်း ၌ လူအများ ဘာသာရေး ဥပုသ် စောင့်နေစဉ် ဇူလိုင်လ ၂ ရက်နေ့ ည တွင် ချီထရယ် မြစ် ရေလျှံမှုကြောင့် ရုတ်တရက် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ယင်း ဗလီကျောင်းသည်လည်း ရေကြီးမှု နှင့် အတူ မျောပါ ပျက်စီးခဲ့ကြောင်း သိရသည်။
Urdu သတင်းရုပ်သံလိုင်း ၏ ဖော်ပြချက်အရ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ် နားတွင် တည်ရှိနေသည့် အာရွှန်းရွာ တွင် ရုတ်တရက် ရေကြီးမှုကြောင့် နေအိမ် ပြိုကျပျက်စီးမှု များအတွင်း ၃၅ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ၃၁ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
စစ်တပ် နှင့် လက်နက်ကိုင် အဖွဲ့အစည်း များ၊ ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (P.D.M.A) မှ ကယ်ဆယ်ရေး အဖွဲ့များ သည် ရေကြီးမှု ဖြစ်ပွားခဲ့သောနေရာသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သို့သော် အဆိုပါဒေသ အတွင်း ဇူလိုင်လ ၂ ရက် ညပိုင်း ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေသည့် အတွက်ကြောင့် ကယ်ဆယ်ရေးဝန်ထမ်းများ အနေဖြင့် အခက်အခဲ များစွာ ဖြင့် ရင်ဆိုင်နေရကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.