Asia
ပါကစ္စတန်နိုင်ငံတွင် အစ်ပွဲတော်နေ့ ဘုရားရှိခိုးသူများရှိနေစဉ် ဗလီခေါင်မိုး ပြိုကျကာ လူ ၁ ဦးသေဆုံး

အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် သြဂုတ်လ ၁၂ ရက်က ဗလီတစ်ခု ခေါင်မိုးပြိုကျမှုကြောင့် ဝတ်ပြုဆုတောင်းနေသူ ၁ ဦး သေဆုံးပြီး အခြားသူ ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
သတင်းများအရ ဆင်းပြည်နယ်မြို့တော် ကရာချိရှိ ဂျာမလီဂို့သ်နယ်မြေရှိ ဗလီတစ်ခုတွင် Eid al-Adha ပွဲတော် ဝတ်ပြုသူများ ရှိနေချိန် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် အခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက အပျက်အစီးများကြားမှ ဝတ်ပြုသူများအား ဆွဲထုတ်ခဲ့ကြပြီး အနီးဝန်းကျင်ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ခေါင်မိုးပြိုကျရခြင်း၏ နောက်ကွယ်က အကြောင်းရင်းကို မသိရှိရသေးကြောင်း၊ သို့သော် ကရာချိမြို့တွင် မိုးသည်းထန်စွာသွန်းခဲ့ခြင်းကြောင့် ခေါင်မိုးကြံ့ခိုင်မှုအားနည်းခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောခဲ့သည်။
ပါကစ္စတန်နိုင်ငံတစ်ဝန်း လက်ရှိမုတ်သုံရာသီမိုးများကြောင့် ဇူလိုင်လကစ၍ မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် လူပေါင်း ၁၆၀ ကျော် သေဆုံးပြီး အခြားသူ ၁၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုအာဏာပိုင်ထံမှ သိရသည်။ (Xinhua)