Asia
ဖိလစ်ပိုင် အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ၂၇ဦးဒဏ်ရာရရှိ
မနီလာ၊ ဒီဇင်ဘာ ၂၉ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ရှိ မြို့တစ်မြို့၏ပြည်သူ့ရင်ပြင်တစ်ခု တွင် ဒီဇင်ဘာ ၂၈ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၂၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့ နှင့် ဒေသခံ တာဝန်ရှိသူများ ၏ ပြောကြားချက်ကို ကိုးကား၍ ကနဦးသတင်းရရှိချက်များအရ Leyte ပြည်နယ် Hilongos မြို့တွင် လက်ဝှေ့ပွဲကျင်းပနေစဉ် လူစည်ကားရာ ပန်းခြံတစ်ခု၌ ဒီဇင်ဘာလ ၂၈ရက် ည၉နာရီက အကြောင်းရင်းမသိရှိရသေးသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Leyte ပြည်နယ် အုပ်ချုပ်ရေးမှူး Dominico Petilla ၏ ပြောကြားချက်ကို ကိုးကား၍ အနည်းဆုံး လူ ၂၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ပေါက်ကွဲမှုကြောင့် လူတချို့သေဆုံးခဲ့သည့် အစီရင်ခံစာကို Petilla၏ ရုံးက အတည်ပြုရန် ဆောင်ရွက်နေကြောင်း သိရသည်။
Hilongos မြို့ရှိ ဒေသခံဆေးရုံတစ်ခုတွင် ဗုံးဆန်ထိမှန်၍ ဆေးကုသမှုခံယူနေသူများ၏ သွေးထွက်သံယိုဓါတ်ပုံများအား Inquirer.net အင်တာနက်စာမျက်နှာ၌ ဖော်ပြထားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ချက် မထုတ်ပြန်သေးကြောင်း သိရသည်။ (Xinhua)