Connect with us

Asia

အိန္ဒိယ မြောက်ပိုင်းတွင် ရထားလမ်းချော်မှုကြောင့် လူ ၄၀ ဦး ဒဏ်ရာရ

ရထားလမ်းချော်သွားပြီး ရေမြောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့သည့် ရထားတွဲများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥဿာ ပရာဒတ်ရှ်ပြည်နယ် ကန်ပါးရ်မြို့အနီးတွင် ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အဝေးပြေး ရထား တစ်စီး လမ်းချော်မှုကြောင့် အနည်းဆုံး လူ ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရထား အရာရှိက ပြောသည်။

ယင်းသို့ ရထားလမ်းချော်မှုတွင် ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြား ပျက်စီးမှုများ မရှိသေးကြောင်း အဆိုပါ အရာရှိက ပြောသည်။

“ရထားလမ်းချော်ခြင်းက ကန်ပါးရ်ပြည်နယ် Dehat ခရိုင်မှာရှိတဲ့ ရူရာဘူတာရုံမှာ ဒေသစံတော်ချိန် နံနက် ၅း၃၀ နာရီအချိန် Sealdah-Ajmer အဝေးပြေး ရထားက ရထားတွဲ ၁၄ တွဲ လမ်းချော်သွားခဲ့ခြင်း ဖြစ်ပြီး နှစ်တွဲက ရေမြောင်းထဲကို ပြုတ်ကျသွားခဲ့တယ်” ဟု အခင်းဖြစ်ပွားရာ နေရာတွင် ရှိသည့် အမည်မဖော်လိုသူ အရာရှိက ပြောသည်။

ကန်ပါးရ်ပြည်နယ် Dehat ခရိုင်တွင် လွန်ခဲ့သော တစ်လခန့်က Indore-Patna အဝေးပြေး ရထား၏ ရထားတွဲ ၁၄ တွဲ လမ်းချော်ကျခဲ့ပြီး အနည်းဆုံး လူ ၁၄၀ သေဆုံးခဲ့ကာ လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ကန်ပါးရ်သည် အဓိက ရထားလမ်းဆုံ နေရာဖြစ်ပြီး တစ်နေ့လျှင် ရထား စီးရေ ရာကျော် ဖြတ်သန်းသွားလေ့ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ရထားလမ်းများသည် ကမ္ဘာ့ အရှည်ဆုံး ရထား ကွန်ရက်တွင် တစ်ခု အပါအဝင် ဖြစ်ပြီး နိုင်ငံ မြောက်ပိုင်းမှ တောင်ပိုင်းသို့ ချိတ်ဆက်ထားသည့် ရထားလမ်းများမှာလည်း ရှုပ်ထွေးလျက်ရှိသည်။

အိန္ဒိယတွင် ရထားလမ်းသုံး ပစ္စည်းကိရိယာ အများစုသည် သက်တမ်း ကုန်ဆုံးနေသလို ရထား မတော်တဆမှုများသည်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ အိန္ဒိယ အစိုးရက လာမည့် ငါးနှစ်တာအတွင်း ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ချဲ့ထွင်ခြင်းများ ပြုလုပ်ရန် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်က ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.