Asia
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် အင်အား ၅.၇ ပမာဏရှိသော ငလျင်လှုပ်

မနီလာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းရှိ ဇမ်ဘေးလ်စ်ပြည်နယ်မြောက်ပိုင်း၌ ဧပြီလ ၂၂ ရက် ညနေပိုင်းက အင်အား ၅.၇ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောခဲ့သည်။
အဆိုပါငလျင်မှာ ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီအချိန်က ဇမ်ဘေးလ်စ်ပြည်နယ် Castillejos မြို့ အရှေ့မြောက် ၂ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၂၁ ကီလိုမီတာအား ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Phivolcs က ပြောသည်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဆိုအရ ငလျင်သည် ပြင်းအား ၆.၃ ပမာဏရှိပြီး ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၌ပင် ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရသည်။
ထို့ပြင် နောက်ဆက်တွဲငလျင်များလည်း ဖြစ်ပွားနိုင်ကြောင်း Phivolcs က ဆိုသည်။ (Xinhua)