Connect with us

Asia

ဖီဖာက ခြေစစ်ပွဲများ ရွှေ့ဆိုင်းလိုက်ပြီးနောက် အီရန်နိုင်ငံ လက်ရွေးစင်ဘောလုံးအသင်း စခန်းသွင်းလေ့ကျင့်မှု ပယ်ဖျက်

ကာတာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က ဗင်နီဇွဲလားနိုင်ငံ ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အီရန်နိုင်ငံ လက်ရွးစင်အသင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဖီဖာ (FIFA) ကမ္ဘာ့ဖလားအတွက် မကြာမီကျင်းပတော့မည့် အာရှဇုန်ခြေစစ်ပွဲများကို ရွှေ့ဆိုင်းလိုက်ပြီးနောက် အီရန်နိုင်ငံ လက်ရွေးစင်အသင်း၏ မတ်လလယ် စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း တီဟီရန်တိုင်းမ်စ်နေ့စဉ်သတင်းစာက မတ် ၁၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

COVID-19 ဖြစ်ပွားမှုကြောင့် အာရှနှင့် ဥရောပရှိ ပြည်တွင်း၊ ပြည်ပ အားကစားပွဲစဉ်များအား ရွှေ့ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့သည်။၎င်းဖြစ်ရပ်ကြောင့် အီရန် အမျိုးသားဘောလုံးအသင်း (Team Melli) အနေဖြင့် မတ် ၂၆ ရက်တွင် ဟောင်ကောင် ဘောလုံးအသင်းနှင့်လည်းကောင်း၊ မတ် ၃၁ ရက်တွင် ကမ္ဘောဒီးယား ဘောလုံးအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည့် ခြေစစ်ပွဲစဉ်အချို့အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အီရန် ဘောလုံးအဖွဲ့ချုပ်က နိုင်ငံအတွင်းရှိ ဘောလုံးပြိုင်ပွဲများအားလုံးကို လက်ရှိ အီရန်ပြက္ခဒိန်နှစ် (၂၀၂၀ ပြည့်နှစ် မတ် ၁၉ ရက်) ကုန်သည်အထိ ရွှေ့ဆိုင်းထားရန် ပြီးခဲ့သည့်သီတင်းပတ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.