Asia
ဗီယက်နမ်တွင် ရထားတွဲတိမ်းမှောက်မှုကြောင့် လူ၂ဦးသေ၊ ၁၇ ဦး ဒဏ်ရာရရှိ
ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဒေါင်နမ်(Dong Nai)ပြည်နယ်တွင် မေ ၂၃ ရက်၌ ရထားတစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၂ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟိုချီမင်းမြို့မှ အလယ်ပိုင်း ဘင်ဒင်းပြည်နယ်သို့ မေ ၂၂ ညပိုင်းက သွားသည့်ရထားသည် ဘောင်ကန်မြို့ ရထားလမ်းအမှတ် 1Aတွင် တိမ်းမှောက်ခဲ့ပြီး ဘင်ဒင်းပြည်နယ်ရှိ အသက် ၂၇ နှစ်အရွယ်အမျိုးသမီးနှင့် အသက် ၂နှစ်အရွယ် သူ၏ သမီး သေဆုံးခဲ့ကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရသူများသည် ပြည်နယ်နှစ်ခုတွင် နေထိုင်သည့် လူငယ်နှင့် လူလတ်ပိုင်းများဖြစ်ကြောင်း သိရသည်။
ဘင်ဒင်းပြည်နယ်တွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် ရထားမောင်းသူသည် မိုးရွာနေစဉ် ရထားလမ်းချော်ကာ ရထား၏ အမြန်နှုန်းကို အပြည့်အဝမထိန်းချုပ်နိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများအရ သိရသည်။
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမလေးလအတွင်း ယာဉ်မတော်တဆမှု ၆၀၂၀မှုဖြစ်ပွားခဲပြီး လူ ၂၇၈၈ ဦးသေဆုံးကာ ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၁၅၇၆ ဦးနှင့် နာကျင်ထိခိုက်ဒဏ်ရာရရှိသူ ၃၀၆၀ ဦးတို့ရှိကြောင်း
ဗီယက်နမ်နိုင်ငံ၏ ပို့ဆောင်ရေးရဲဦးစီးဌာနထံမှ သိရသည်။(Xinhua)