Asia
ဗီယက်နမ်နိုင်ငံတွင် ဓာတ်ငွေ့ကြောင့်အသက်ရှူကျပ်ခဲ့ပြီးနောက် လူ ၃ ဦးသေဆုံး
ဟနွိုင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင်ပြည်နယ်တွင် ဓာတ်ငွေ့ကြောင့်အသက်ရှူကျပ်သွားခဲ့ပြီး ဗီယက်နမ်ကုမ္ပဏီဝန်ထမ်း အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၂၉ ရက်က Tien Hai စက်မှုဇုံရှိ Minh Hieu ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကုမ္ပဏီအတွက် ဓာတ်ငွေ့သယ်ပို့ခြင်းစနစ်တစ်ခု တပ်ဆင်နေစဉ် အသက် ၂၉ နှစ်အရွယ် နည်းပညာကြီးကြပ်ရေးမှူးတစ်ဦးနှင့် အသက် ၂၃ နှစ်နှင့် ၃၃ နှစ်အရွယ် အလုပ်သမား နှစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါ အမျိုးသားသုံးဦးသည် တွင်းနက်တစ်ခုအတွင်း အလုပ်လုပ်နေစဉ် ဓာတ်ငွေ့ကြောင့် အသက်ရှူကျပ်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုများက ဖော်ပြထားကြောင်း VietNamNet အွန်လိုင်းသတင်းစာအရ သိရသည်။ (Xinhua)