Asia
ဘန်ကောက်မြို့တွင် ရန်ဖြစ်ရင်း ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပစ်ခတ်မှုကြောင့် ပြင်သစ်အမျိုးသားတစ်ဦး သေဆုံး

ဘန်ကောက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Sukhumvit ရပ်ကွက်တွင် ရန်ပွဲတစ်ခုဖြစ်ပြီးနောက် ပြင်သစ်နိုင်ငံသားတစ်ဦးကို ပစ်သတ်မှုအတွက် ထိုင်းရဲအရာရှိတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
Lumpini ရဲစခန်းတွင် တာဝန်ကျနေသူ ရဲအရာရှိ တစ်ဖြစ်လဲ သေနတ်သမား ရဲအရာခံဗိုလ် Kantapong Huadsri သည် ဒီဇင်ဘာလ ၁၁ ရက်ညက Watthana ခရိုင် Sukhumvit ၁၃ ရပ်ကွက်ရှိ ဆိုင်အပေါ်ထပ်တွင် Malik ဟုသာသိရသေးသော အသက် ၃၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို ရဲမင်းကြီး Surachate Hakparn က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
၎င်းတို့နှစ်ဦးသည် ဘားအတွင်း ရန်ဖြစ်ခဲ့ကြပြီးနောက် ရဲအရာရှိက ပြင်သစ်အမျိုးသားနောက်လိုက်သွားကာ ၎င်း၏ ချစ်သူမိန်းကလေးနှင့် အတူရှိနေစဉ် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမင်းကြီးက ဆိုသည်။
သေနတ်ဖြစ်ပစ်ခတ်ခဲ့သူ ရဲအရာခံဗိုလ်သည် Lumpini ရဲစခန်းသို့ ၎င်းကိုယ်တိုင် လာရောက်ကာ လူသတ်မှုအတွက် အဖမ်းခံခဲ့သည်။ (Xinhua)