Connect with us

Asia

ထိုင်းနိုင်ငံ၏ နိုင်ငံရေးပါတီများ လာမည့်ရွေးကောက်ပွဲအတွက် လွတ်လပ်စွာမဲဆွယ်ခွင့်ရ

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ နိုင်ငံရေးပါတီများအနေဖြင့် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ၎င်းတို့၏မဲဆွယ်မှုအစီစဉ်ကို လွတ်လပ်စွာ စတင်လုပ်ဆောင်ခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကောင်စီ(NCPO) ဥက္ကဋ္ဌ နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက၂ဝ၁၄ ခုနှစ်တွင်ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ပြဌာန်းခဲ့သည့် နိုင်ငံရေးဆိုင်ရာကန့်သတ်ချက်များအားလုံးကို ဒီဇင်ဘာ ၁၁ ရက်တွင် ရုပ်သိမ်းပေးခဲ့ပြီး နိုင်ငံရေးပါတီအားလုံးအနေဖြင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များတွင် မဲဆွယ်မှုကို လွတ်လပ်စွာလုပ်ဆောင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

NCPO ဥက္ကဋ္ဌ၏ အမိန့်ဖြင့် တားမြစ်ချက်များပယ်ဖျက်ခြင်းကြေညာချက် တော်ဝင်အမိန့်ပြန်တမ်းကို ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ ချက်ချင်းအာဏာတည်မည်ဖြစ်ကြောင်း သိရသည်။

ပရာယွတ်က အစောပိုင်းကလည်း တစ်စိတ်တစ်ပိုင်း ပြေလျှော့မှုတစ်ရပ်အနေနှင့် နိုင်ငံရေးပါတီတစ်ခုချင်းစီအနေဖြင့် ပါတီဝင်သစ်များ စုဆောင်းခြင်း ၊ ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်း ၊ ပါတီဝင်တွေ့ဆုံပွဲ (သို့မဟုတ်) ပါတီအမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေး ၊ နယ်ပါတီရုံးခွဲများ ဖွင့်လှစ်ခြင်း နှင့် ပါလီမန်ရွေးကောက်ပွဲအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ခြင်း စသည့် နိုင်ငံရေးလှုပ်ရှားမှုများကို ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သေးသည်။

သို့သော် လွတ်လပ်စွာ မဲဆွယ်ခွင့် ပြုခြင်းကဲ့သို့နိုင်ငံရေးလှုပ်ရှားမှုမျိုးကို NCPO၏ ဒီဇင်ဘာ ၁၁ ရက် အမိန့်ထုတ်ပြန်ချက် မထွက်ပေါ်မီအချိန်အထိ ခွင့်ပြုခဲ့ခြင်း မရှိသေးပေ။

နိုင်ငံရေးဆိုင်ရာကန့်သတ်တားမြစ်ချက်များကို ဒီဇင်ဘာ ၁၁ ရက်တွင် ပယ်ဖျက်ပေးခဲ့ပြီးရွေးကောက်ပွဲမတိုင်ခင် ကြားကာလ ရက်ပေါင်း ၉ဝ အတွင်း ပါလီမန်အမတ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဥပဒေအတိုင်း မဲဆွယ်မှုကို စတင်လုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း ပါရာယွတ်၏ ပြောကြားချက်အရသိရသည်။

Palang Pracharath(ပြည်သူ့အင်အားပါတီ) ၏ ပါတီခေါင်းဆောင် စက်မှုဝန်ကြီး Uttama Savanayana နှင့် ပါတီအထွေထွေအတွင်းရေးမှူး (လက်ရှိ စီးပွားရေးဝန်ကြီး) Sontirart Sontijirawong တို့အား ရွေးကောက်ပွဲအလွန် ဝန်ကြီးချုပ်လောင်း အမည်စာရင်းတင်သွင်းခွင့်ကို ပရာယွတ်အနေဖြင့် လက်ခံဖွယ် ရှိ မရှိ မှာမူ ကျန်နေသေးသည်။

အခြား လက်ရှိ ဝန်ကြီးနှစ်ဦးဖြစ်သော ပါတီ ဒုတိယခေါင်းဆောင် နှင့် ပါတီပြောရေးဆိုခွင့် ရှိသူ တို့မှာလည်း ပါတီကိုယ်စားလှယ်လောင်းအမည်စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.