Connect with us

Asia

မယ်စကြဝဠာဆုကို ပြင်သစ်မယ် အိုင်းရစ် မစ်တန်နယ် ဆွတ်ခူး

၆၅ ကြိမ်မြောက် မယ်စကြဝဠာဆု ရရှိခဲ့သည့် အိုင်းရစ် မစ်တန်နယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

၆၅ ကြိမ်မြောက် မယ်စကြဝဠာ သရဖူကို ပြင်သစ်နိုင်ငံမှ အလှမယ် အိုင်းရစ် မစ်တန်နယ် (Iris Mittenaere) က ဇန်နဝါရီလ ၃၀ ရက်တွင် ဆွတ်ခူး ရရှိခဲ့သည်။

မနီလာမြို့ရှိ Asia Arena ခန်းမတွင် ပြုလုပ်သော မယ်စကြဝဠာပြိုင်ပွဲ၌ ပြိုင်ပွဲဝင် အလှမယ် ၈၅ ဦးအား ကျော်ဖြတ်ကာ သရဖူ ရရှိခဲ့သည့် အသက် ၂၄ နှစ်အရွယ် ပြင်သစ် အလှမယ် အိုင်းရစ် မစ်တန်နယ်ထံသို့ ၆၄ ကြိမ်မြောက် မယ်စကြဝဠာဆုရှင် ဖိလစ်ပိုင်မယ် Pia Wurtzbach ထံမှ သရဖူအား လွှဲပြောင်း ပေးအပ်ခဲ့သည်။

၆၅ ကြိမ်မြောက် မယ်စကြဝဠာဆု ရရှိခဲ့သည့် အိုင်းရစ် မစ်တန်နယ်အား ၆၄ ကြိမ်မြောက် မယ်စကြဝဠာဆုရှင် ဖိလစ်ပိုင်မယ် Pia Wurtzbach က သရဖူ လွှဲပြောင်း ပေးအပ်ခဲ့စဉ် (ဓာတ်ပုံ-အင်တာနက်)

၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံ ကိုယ်စားပြု အလှမယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံ ကိုယ်စားပြု အလှမယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

မယ်စကြဝဠာပြိုင်ပွဲ၌ အသက် ၂၅ နှစ်အရွယ် မစ္စဟေတီ Raquel Pelissier က ဒုတိယဆု ရရှိခဲ့ပြီး အသက် ၂၃ နှစ်အရွယ် မစ္စ ကိုလံဘီယာ Andrea Tovar က တတိယဆု ရရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ (Miss Universe 2016 ) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထက်ထက်ထွန်းလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၎င်း ဝတ်ဆင်ခဲ့သော ရိုးရာရုပ်သေးဝတ်စုံက အထူးခြားဆုံးနှင့် အလှပဆုံး အမျိုးသားဝတ်စုံဆု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.